ဖိလစ်ပိုင်မှာ ရေဘေးကြောင့် သေဆုံးသူ ၅၀ ကျော်

Your browser doesn’t support HTML5

ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ် ကာလ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက် ၅၁ ဦးအထိရှိလာပြီး ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။ ရေဘေးသင့်သူ ထောင်ပေါင်းများစွာဟာလည်း အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက် ခိုလှုံနေကြရတာပါ။