ကွန်ဂိုဂျက်လေယာဉ်ကို ရဝမ်ဒါပစ်ချဖို့ကြိုးစား

Your browser doesn’t support HTML5

ဇန်နဝါရီ ၂၄ရက်နေ့က ကွန်ဂိုနိုင်ငံပိုင် ဂျက်လေယာဉ်တစ်စီးကို လေကြောင်းပိုင်နက်ကျော်ဖြတ်တယ်ဆိုပြီး ရဝမ်ဒါတပ်တွေက ပစ်ချဖို့ကြိုးစားခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ လေယာဉ်က ဒုံးကျည်ကိုကပ်လွတ်သွားပြီး ဆက်လက်ပျံသန်းနေတာတွေ့ရပါတယ်။ ကွန်ဂိုအစိုးရကတော့ ရဝမ်ဒါလေပိုင်နက်ထဲမှာ ပျံသန်းခဲ့တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

နှစ်နိုင်ငံကြားလက်နက်ကိုင်သူပုန်ကိစ္စတွေနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်နေချိန် အခုလိုအငြင်းပွားဖွယ်ကိစ္စထပ်ပေါ်လာတာပါ။