ပက်ကျိအကျိအချွဲနဲ့ အသားအရေထိန်းသိမ်းနည်း

Your browser doesn’t support HTML5

ပက်ကျိကထွက်တဲ့ အကျိအချွဲနဲ့ မျက်နှာကို ပြုပြင်ထိန်းသိမ်းပေးတဲ့နည်းလမ်း ဆီးရီးယားမှာ ခေတ်စားလာပါတယ်။ အလှအပအတွက် အော်ဂဲနစ်နဲ့ သဘာဝပစ္စည်းတွေကိုအသုံးပြုလာတဲ့ အိမ်နီးချင်းနိုင်ငံတွေကနည်းလမ်းတွေကိုအတုယူပြီးအခုဆိုင်ကို ၂၀၂၂ခုနှစ်မှာ စတင်ခဲ့တာပါ။

ပိုင်ရှင် Mohammed al-Haffar က Albino အမျိုးအစား ခရုဥတွေကို မှာယူတင်သွင်းပြီး စိုးထိုင်းစများတဲ့ နေရာမှာ မွေးမြူခဲ့တာဖြစ်ပါတယ်။ အခုတော့ သူနဲ့ အရေပြားထိန်းသိမ်းမှုကျွမ်းကျင်သူ သူ့ညီမတို့ ၂ယောက် ခရုအကောင် ၁၅၀၀ လောက်မွေးထားပြီး အရေပြားထိန်းညှိပေးတဲ့အလှပြင်စင်တာတွေကို ပြန်လည်ငှားရမ်းပေးနေပါတယ်။