Deli သမားအိတ်ထဲ မမ်မီ

Your browser doesn’t support HTML5

ပီရူးအမျိုးသားရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပစ္စည်းပို့သူတစ်ယောက်ရဲ့ အအေးခံအိတ်ထဲမှာ မမ်မီရုပ်အလောင်းတခုကို တွေ့ရှိခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း Puno မြို့ရှိ လမ်းတစ်ခုမှာ အမျိုးသားတစ်စု အရက်သောက်နေတာကို ရဲတွေ တွေ့ရှိပြီးနောက် အခုလို ရှေးဟောင်းပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ဒေသခံမီဒီယာမှာဖော်ပြပါတယ်။ Juanita လို့ခေါ်တဲ့ ဒီမမ်မီ Puno ပြတိုက်ကို လှူဒါန်းဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ မအောင်မြင်ပြီးနောက် ဒီမမ်မီဟာ သူ့မိသားစုနဲ့ ရှိနေတာ အနှစ် ၃၀ ကြာပြီဖြစ်တယ်လို့ အဖွဲ့ထဲက Julio Cesar ဆိုသူကပြောပါတယ်။
အထင်ကရ Machu Picchu မြို့ရှိတဲ့ ပီရူးနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ က တောင်အမေရိကကို လွှမ်းမိုးခဲ့သော အင်ကာအင်ပါယာမတိုင်မီနှင့် နောက်ပိုင်း ထွန်းကားခဲ့တဲ့ ယဉ်ကျေးမှုတွေမွေးဖွားရာ ရှေးဟောင်းသုတေသနနေရာများ ရာနှင့်ချီရှိနေတာဖြစ်ပါတယ်။