ဆူဒန်ပဋိပက္ခ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၂ သိန်းလောက်ရှိပြီ
ဆူဒန်မှာ ဖြစ်ပွါးတဲ့ အကြမ်းဘက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဟာ အခုဆို ၂ သိန်းလောက် ရှိနေပြီဖြစ်ပြီး အိမ်နီးချင်း Chad နိုင်ငံထဲ ထွက်ပြေးခိုလှုံသူကပဲ ၆ သောင်းလောက် ရှိနေတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သောကြာနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာပဲ Chad ကို ထွက်ပြေးလာသူက ၃ သောင်းလောက် ရှိနေတာဖြစ်ပြီး နယ်စပ်ကျော်ဖြတ် ထွက်ပြေးသူတွေ နေ့စဉ်ရှိနေတယ်လို့ ကုလသမဂ္ဂ ဂျနီဗာရုံး သတင်းစာရှင်းလင်းပွဲမှာ UNHCR ပြောခွင့်ရ Olga Sarrado ကပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ IOM ကလည်း ဆူဒန်နိုင်ငံတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP က ၇ သိန်းလောက် ရှိနေတယ်လို့ အင်္ဂါနေ့က သတင်းထုတ်ပြန်ထားတာပါ။
SEE ALSO: နိုင်ငံရေး ပဋိပက္ခတွေကြောင့် ဆူဒန်နိုင်ငံမှာ အရပ်သား ၁၀၀ နီးပါး သေဆုံးဆူဒန်နိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ် ၂ ဖွဲ့ကြား တိုက်ခိုက်မှုတွေကြောင့် သေဆုံးပျက်စီးမှုတွေနဲ့အတူ အခုလို နေရပ်စွန့်ခွါ ထွက်ပြေးသူ တနေ့တခြား တိုးလာနေတာ ဖြစ်ပါတယ်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan နဲ့ အာဏာသိမ်းစဉ်က အတူပါဝင်ခဲ့တဲ့ RSF တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Mohammed Hamdan Dagalo တို့ကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာဖြစ်ပြီး ကြာသပတေးနေ့ကတော့ ဒီအဖွဲ့ ၂ ဖွဲ့စလုံးက သူတို့ဟာ ဒုက္ခသည်တွေအတွက် လူသားစာနာမှု အကူညီပေးခွင့်ပြုဖို့ လုပ်ဆောင်မှ ဖြစ်ကြောင်း လက်မှတ်ရေးထိုး သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ အပစ်အခတ် ရပ်စဲဖို့တော့ မပါသေးတဲ့အတွက် အခု သောကြာနဲ့ စနေနေ့တွေမှာ အပစ်ရပ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ ဆူဒန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Volker Perthes ကပြောပါတယ်။
Your browser doesn’t support HTML5
ဆူဒန်ပဋိပက္ခ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ ၂ သိန်းလောက်ရှိပြီ