၂၀၂၄ နှစ်သစ်ကူး ကမ္ဘာတဝန်း ဆင်နွှဲ
နယူးဇီလန်နိုင်ငံကတော့ နှစ်သစ်ကိုကူးပြောင်းတဲ့ အစောဆုံးနိုင်ငံတွေထဲ တခုအပါအဝင်ဖြစ်ပါတယ်။ အောက်ကလန်မြို့တော် ကောင်းကင်မျှော်စင် စကိုင်းတာဝါကနေ မီးရှူးမီးပန်းတွေ ဖျာထွက်နေတဲ့အလား ဖြစ်နေတာ ဓာတ်ပုံမှာ တွေ့ရပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
နယူးဇီလန်နှစ်သစ်ကူးပြောင်းပြီး နောက် ၂ နာရီအကြာမှာတော့ ဩစတေးလျနိုင်ငံက ဆစ်ဒနီမြို့ ၂၀၂၄ နှစ်သစ်ကို ရောက်ပါတယ်။ နှစ်သစ်ကြိုည ဆင်နွှဲချိန်မှာ ဆစ်ဒနီ နာမည်ကျော် အော်ပရာ ဟောက်စ်၊ Opera House နဲ့ ဟာဘာဘရစ်ချ် တံတားကြီးတို့နဲ့ ကောင်းကင်က မီးရှူးမီးပန်းတွေက လိုက်ဖက်လှပနေပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာတော့ ညဉ့်သန်းခေါင်ကျော်လို့ နှစ်သစ်ကိုကူးပြောင်းပြီဆိုတာနဲ့ ဇိုဂျိူဂျီ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းက ဧရာမခေါင်းလောင်းကြီးကို ထိုးခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ နှစ်သစ်ကို ကြိုဆိုခဲ့ကြပုံပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄
ထိုင်ဝမ်ကျွန်းမှာတော့ ထိုင်ပေမြို့တော် ၁၀၁ အဆောက်အဦကနေ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကိုကြိုဆို ဆင်နွှဲခဲ့ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
ဟောင်ကောင်ကျွန်းမှာလည်း ဝိတိုရိယဆိပ်ကမ်း Victoria Harbour ကနေ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကူးပြောင်းခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က နှစ်သစ်ကို ကြိုဆိုကြသူများ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ဒေသရိုးရာမပျက် ဘာလီအကနဲ့ ကလေးတွေ ကပြဖျော်ဖြေပြီး နှစ်သစ်ကူးကြိုည ဆင်နွှဲမှုတွေ ကျင်းပခဲ့တာပါ။ ဒီဇင်ဘာ ၃၁၊ ၂၀၂၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဘုရင့်နန်းတော်ကို နှစ်သစ်ကူး မီးရှူးမီးပန်းတွေ အောက်မှာ မြင်ရတာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
နီပေါနိုင်ငံမှာတော့ နှစ်သစ်ကူးပြောင်းမှု အထိမ်းအမှတ် တမူလိုဆာပွဲတော်ကို ဂရွန်းလူမျိုးတွေ ရိုးရာအမျိုးသားဝတ်စုံပြည့်နဲ့ ဆင်နွှဲခဲ့ကြတာပါ။ ဒီဇင်ဘာ ၃၁၊ ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တော်က နှစ်သစ်ကူးည ဆင်နွှဲတဲ့ လမ်းမကြီးရဲ့ မြင်ကွင်းပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄
အာရတ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့တော်က နှစ်သစ်ကူးကြိုဆိုမှုမှာတော့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ ဘာဂျ်ခါလီဖာ မိုးမျှော်တိုက်ကြီးကနေ မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တော်က ခရစ္စမတ်သစ်ပင်ကို နှစ်သစ်ကူးကြိုည လာရောက်လည်ပတ်သူတွေနဲ့ စည်ကားခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁၊ ၂၀၂၃
တူရကီနိုင်ငံ၊ တက်ဆမ်ရင်ပြင်မှာ နှစ်သစ်ကူးပြောင်းချိန် အနမ်းနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြတဲ့ စုံတွဲတတွဲ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
လန်ဒန်မြို့တော်၊ သိမ်းမြစ်ကမ်းဘေးမှာ ဆောက်ထားတဲ့ လန်ဒန်အိုင်း ချားရဟတ်ကြီးရဲ့ ကောင်းကင်မှာ နှစ်သစ်ကူးည မီးရှူးမီးပန်းတွေနဲ့ နှစ်သစ်ကို ကူးပြောင်းခဲ့တာပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရဲ့ အထင်ကရ ရှောင်ဇေလီဇေးလမ်းမကြီးပေါ်မှာ နှစ်ကူးကြိုည ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြီး နှစ်သစ်ကူးပြောင်းချိန်ကို စောင့်ကြိုခဲ့ကြပါတယ်။ ဒီဇင်ဘာ ၃၁၊ ၂၀၂၃
ဂရိနိုင်ငံ၊ အေသင်မြို့တော်က ကမ္ဘာကျော် အက်ခရိုပိုလစ်တောင်ကုန်းပေါ်က ရှေးဟောင်း ပါသီနွန်ဘုရားကျောင်း ကောင်းကင်ယံက နှစ်သစ်ကြို မီးရှူးမီးပန်းများ ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
တောင်အမေရိကတိုက်၊ ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့ ကိုပါကဘန်းနားကမ်းခြေတခုလုံး နှစ်သစ်ကူးမီးပန်းအလင်းရောင်တွတဲ့ ထွန်းလင်းနေခဲ့တာပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်မှာ နှစ်သစ်ကူးပြောင်းဆင်နွှဲမှုအဖြစ် မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၊ ၂၀၂၄
မက္ကဆီကိုစီးတီးမြို့ ၂၀၂၄ နှစ်သစ်ကူးကြိုပွဲတော် ကျင်းပတဲ့ Angel de la Independencia လွတ်လပ်ရေးနတ်သမီးကျောက်တိုင်မှာ ပါနားမားဂီတပညာရှင်၊ တေးဆိုလည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်သူ ရူဘန် ဘလိတ်စ်ဖျော်ဖြေတဲ့ပွဲမှာ အားပေးနေသူတဦးပါ။ ဒီဇင်ဘာ ၃၁၊ ၂၀၂၃
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကီးဝက်စ်နယ်ရဲ့ ထုံးစံဖြစ်တဲ့ နှစ်သစ်ကူးပြောင်းချိန် ဧရာမဒေါက်ဖိနပ်နီကြီး မိုးပေါ်က ကျလာတဲ့အထိမ်းအမှတ်ပွဲမှာ အမျိုးသမီးလိုဝတ်ဆင်ထားသူ ခရစ္စတိုဖာ ပီတာဆန် ဖိနပ်ကြီးထဲမှာ ဝင်နေခဲ့တာပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄
နယူးရောက်မြို့တော် တိုင်းမ်စ်စကွဲ ရင်ပြင် နှစ်သစ်ကူးကြိုပွဲတော်မှာတော့ နှစ်သစ်ကိုကူးပြောင်းချိန် ည ၁၂ တိတိ ရောက်ပြီဆိုတာနဲ့ ကောင်းကင်ကနေ ရောင်စုံစက္ကူစတွေ ကျဲဖြန့်ချခဲ့တာပါ။ ဇန်နဝါရီ ၁၊ ၂၀၂၄