ဆော်ဒီမှာ နှစ် ၇၀ ကျော်အကြာ ပထမဆုံး အရက်ဆိုင်ဖွင့်
Your browser doesn’t support HTML5
ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် အတွင်းမှာ အရက်ဆိုင်တဆိုင်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီအရက်ဆိုင်ကို ဆော်ဒီနိုင်ငံမြို့တော် ရီယာ့ဒ်မြို့မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ အရက်ဆိုင်ကို လူကိုယ်တိုင်သွားရောက်ခဲ့တဲ့ သံတမန်တဦးက မနေ့ ဗုဒ္ဓဟူးနေ့က AP သတင်းဌာနကို ပြောလိုက်တာဖြစ်ပါတယ်။