ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ Good Friday နေ့ ကျင်းပ

ဖိလစ်ပိုင်နိုင်ငံ Pampanga ပြည်နယ် San Fernando မြို့မှာ Good Friday ထူးမြတ်တဲ့သောကြာနေ့ အခမ်းအနားကျင်းပနေစဉ် (မတ် ၂၉၊ ၂၀၂၄)

ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ သတ်မှတ်ထားတဲ့ ဒီနေ့ Good Friday ထူးမြတ်တဲ့သောကြာနေ့မှာ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးအခမ်းအနားတွေကို ဆင်နွှဲနေကြပါတယ်။

အာရှမှာ ကတ်သလစ်ဘာသာဝင်အများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ရောမစစ်သားတွေ ယေရှုကိုကားစင်တင်ခဲ့တဲ့ပုံစံမျိုး ပြန်လည် ပုံဖော်သရုပ်ဆောင်ခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Pampanga ပြည်နယ်က ကတ်သလစ်ဘာသာဝင်တွေက ယေရှုနဲ့ သူ့ရဲ့နောက်လိုက်တွေကို ကားစင်မတင်ခင် ရိုက်နှက် နှိပ်စက်နေတဲ့ ပုံစံမျိုး သရုပ်ဆောင်ပြီး ထူးမြတ်တဲ့သောကြာနေ့ အခမ်းအနားကို လုပ်ခဲ့ကြပါတယ်။

အလားတူ အိန္ဒိယနိုင်ငံမှာလည်း ခရစ်ယာန်ဘာသာဝင်တွေက ဘုရားကျောင်းတွေမှာ ဆုတောင်းပွဲတွေလုပ်ပြီး ယေရှုရဲ့ကျေးဇူးတော်ကို ချီးမွမ်းခဲ့ကြပါတယ်။ လူသားတွေအတွက် ယေရှုခရစ်တော်က အနစ်နာခံပြီး ကားစင်တက်ခဲ့တယ်လို့ ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်ထားကြပါတယ်။ မြန်မာနိုင်ငံတဝန်းမှာရှိကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်း ဒီနေ့မှာ ‌သခင်ယေရှု သက်တော်စွန့်တော်မူတဲ့နေ့ အထိမ်းအမှတ် ဆုတောင်း ဝတ်ပြုမှုတွေ လုပ်ကြပါတယ်။

ယေရှုခရစ်တော် ကားစင်တင်ခံရပြီး ၃ ရက်မြောက် တနင်္ဂနွေနေ့မှာတော့ ယေရှုရှင်ပြန်ထမြောက်တဲ့ Easter Sunday နေ့အဖြစ်လည်း ဘာသာရေး အခမ်းအနားတွေ လုပ်ကြလေ့ရှိပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ Good Friday နေ့ ကျင်းပ