BA.2 Omicron မျိုးကွဲဗီဇပိုးသစ် ဗိုင်းရပ်စ်တွေထဲ ကူးစက်နှုန်းအမြန်ဆုံး 

Omicron BA.2 မျိုးကွဲဗီဇပိုးသစ် တကမ္ဘာလုံး ပျံနိုင်နိုင်ကြောင်း FDA က သတိပေးထား။  


[[Zawgyi/Unicode]]

BA.2 Omicron မျိုးကွဲ ဗီဇပိုးသစ်ဟာ တွေ့ဖူးသမျှ ဗိုင်းရပ်စ်ပိုးတွေထဲမှာ ကူးစက်နှုန်း အမြန်ဆုံးဖြစ်ပြီး အထူးစိုးရိမ်ရတဲ့အကြောင်းနဲ့ ဆေးရုံတက် ကုသသူတွေ၊ သေဆုံးသူတွေ တွေ့ရနိုင်တယ်လို့ Texas ပြည်နယ် Baylor ဆေးပညာ College က ဒေါက်တာ Peter Hotez က သတိပေးပြောဆိုလိုက်ပါတယ်။

B.A 2 ကိုရိုနာမျိုးကွဲ ဗီဇပိုးသစ်ကူးစက်မှုတွေ ပိုတိုးလာနိုင်ကြောင်းနဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကြား ကိုဗစ် 19 ကူးစက်မှုတွေ ရှိလာမှာကို ကြိုတင် မျှော်လင့်ပြီးသားဖြစ်တဲ့အကြောင်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာ Peter Hotez က ပြောဆိုလိုက်တာပါ။

“ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ B.A 2 ပိုးသစ်ကူးစက်မှုက ပိုတိုးလာဖို့ ရှိပါတယ်။ လူတွေ အများအပြား ကူးစက်တာကို တွေ့ရပါလိမ့်မယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ အိမ်ဖြူတော်က တာဝန်ရှိသူတွေပဲဖြစ်ဖြစ် ဖက်ဒရယ်အစိုးရထဲက လူသိများထင်ရှားတဲ့သူတွေ ရောဂါ ကူးစက်တာ အံသြစရာမရှိပါဘူး” လို့ Texas ပြည်နယ် Baylor ဆေးပညာ College က ဒေါက်တာ Peter Hotez က ပြောဆိုသွားတာပါ။

ကိုဗစ် 19 ရောဂ ါကူးစက်တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ရော၊ ရှေ့နေချုပ် Merrick Garland ရော ရောဂါလက္ခဏာ မပြပါဘူး။ အမေရိကန် ပြည်ထောင်စုအတွင်း ရောဂါ ကူးစက်မှုရဲ့ လေးပုံသုံးပုံနီးပါး BA.2 Omicron မျိုးကွဲ ဗီဇပိုးသစ်ကြောင့် ကူးစက်နေချိန်မှာ အခုလို ထင်ရှားတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေ ရောဂါ ကူးစက်နေတာပါ။ ဝါရှင်တန်မြို့တော်ဝန် Muriel Bowser လည်း ကိုဗစ် 19 ရောဂါ ကူးစက်နေတယ်ဆိုတာ မနေ့က ကြေညာပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၉ သိန်း ၈ ကျော် ရှိပြီဖြစ်ပါတယ်။ အခု B.A 2 မျိုးကွဲဗီဇ ပိုးသစ် ကူးစက်မှုတွေကြောင့် မြို့ကြီးတွေမှာ ပိတ်ဆို့ကန့်သတ်တဲ့ စည်းမျဉ်းတွေ ပြန်ပြီး ချမှတ်မယ် မချမှတ်ဘူးဆိုတောတော့ အတိအကျ မသိရသေးပါဘူး။

Your browser doesn’t support HTML5

BA.2 Omicron မျိုးကွဲဗီဇပိုးသစ် ဗိုင်းရပ်စ်တွေထဲ ကူးစက်နှုန်းအမြန်ဆုံး

==========

[[Unicode]]






==========