ရှန်ဟိုင်းနေရာတချို့ ကိုဗစ်တင်းကြပ်မှုဖြေလျှော့

ရှန်ဟိုင်းမြို့မှာ ကိုဗစ်ကူးစက်မှုမြင့်မားလာလို့ အသွားအလာတွေကန့်သတ်ပိတ်ဆို့ထားတဲ့ရပ်ကွက်ထဲကသူတွေအတွက် ဟင်းချက်ဆီ ပေးပို့နေစဉ်။ (ဧပြီ ၁၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာတင်းကြပ်တဲ့ ကိုဗစ်ထိန်းချုပ်မှုတွေ နေရာတချို့မှာ ပြန်ဖြေလျှော့ပေးလိုက်တာမို့ ပထမဆုံး အိမ်ပြင်ပြန်ထွက်နိုင်ကြပါပြီ။

တရုတ်ရဲ့ကိုဗစ်လုံးဝကင်းစင်ရေးမူနဲ့ ရှန်ဟိုင်းမြို့ခံတွေကို သီတင်း ၂ ပတ်ကျော် အိမ်အပြင်ပေးမထွက်ဘဲ ရောဂါစစ်ဆေးခဲ့အပြီး စီးပွားရေးထိခိုက်မှာ စိုးရိမ်လာချိန်၊ မနေ့ကပဲ အခုလို တချို့နေရာတွေကို အစမ်းသဘော ပြန်ဖြန်လျော့ပေးလိုက်တာပါ။

ကိုဗစ်စည်းကမ်းတင်းကြပ်လွန်းတာကြောင့် Apple ကုမ္ပဏီအတွက် iPhones တွေတပ်ဆင်ပေးတဲ့ ဂျာမန် မော်တော်ကားကုမ္ပဏီကြီး Bosch နဲ့ ထိုင်ဝမ် Pegatron ကော်ပိုရေးရှင်းတို့က တရုတ်မှာရှိတဲ့ သူတို့စက်ရုံတွေလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတယ်လို့ မနေ့ အင်္ဂါနေ့က ပြောခဲ့ပါတယ်။

ဒါက တရုတ်ရဲ့စီးပွါးရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းထောက်ပံ့ရေး ကွင်းဆက်တွေကို ထိခိုက်လာနိုင်ချိန်မှာ ၁၄ ရက်အတွင်း ကိုဗစ်-19 ကူးစက်မှု အသစ်မရှိတဲ့ နေရာတွေမှာပဲ ကိုဗစ်စည်းကမ်းတွေ စပြန်လျှော့ပေးလာတာပါ။

ရှန်ဟိုင်းမြို့မှာ လူဦးရေ ၂၅ သန်းရှိတဲ့အထဲက ၅ သန်းနီးပါးမှာ ကူးစက်မှုအသစ် ထပ်မတွေ့တာကြောင့် အန္တရာယ်နည်းသူတွေအဖြစ် သတ်မှတ်လုပ်ဆောင်လိုက် တာလို့လည်း တရုတ်ကျန်းမာရေးအရာရှိတွေက ရှင်းပြပါတယ်။

ဒါပေမဲ့ လူဦးရေ လေးပုံတပုံ Lockdown ဆက်ကျနေတဲ့ ရှန်ဟိုင်းမှာ အခု ၈ ရက် ဆက်တိုက် ပို့းတွေ့သူအသစ် တနေ့ကို တသာင်းကျော်ရှိနေပြီး လာမယ့်ရက်တွေမှာလည်း ဆက်မြင့်နေနိုင်သေးကာ လှိုင်းကြီးဖြစ်လာမှာကိုတော့ ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အရေးပေါ်မဟုတ်တဲ့ အမေရိကန် အစိုးရဝန်ထမ်းအားလုံး အခုလို ကိုဗစ် ကူးစက်မှုမြင့်နေတဲ့ ရှန်ဟိုင်းကနေ ထွက်ခွါကြဖို့ မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

ရှန်ဟိုင်းနေရာတချို့ ကိုဗစ်တင်းကြပ်မှုဖြေလျှော့

===============

[[Unicode]]









===============