ထိုင်းမှာခရီးသွားတွေ ကိုဗစ်ကာကွယ်ဆေး ထိုးထားကြောင်း အထောက်အထားပြရမယ့်အမိန့် ပြန်ရုပ်

ထိုင်းကျန်းမာရေးဝန်ကြီး  Anutin Charnvirakul (ယာ) က ထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့ တရုတ်ကမ္ဘာလှည့်ခရီးသည်တွေကို ပန်းကုံးပေးပြီးကြိုဆိုနေစဉ်။ (ဇန်နဝါရီ ၉ ၊ ၂၀၂၃)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံကိုလာရောက်တဲ့ နိုင်ငံတကာခရီးသွားတွေ ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း သက်သေအထောက်အထားပြသရမယ်ဆိုတဲ့အမိန့် ထုတ်ပြန်လိုက်ပြီးရက်ပိုင်းမှာပဲ အဲဒီအမိန့်ကို ထိုင်းတာဝန်ရှိသူတွေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။

တရုတ်နိုင်ငံက ကိုဗစ်လုံးဝကင်းစင်ရေး zero-Covid ဆိုတဲ့ ၃ နှစ်ကြာချမှတ်ထားတဲ့ တင်းကြပ်တဲ့ မူဝါဒဖြေလျှော့ပေးလိုက်ပြီး နယ်စပ်တွေပြန်ဖွင့်လိုက်တဲ့အချိန်မှာ ထိုင်းလေကြောင်းအာဏာပိုင်တွေက နိုင်ငံတကာခရီးသွားတွေအတွက် စည်းကမ်းသစ်တွေကို စနေနေ့မှာထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့လည်း အဲဒီစည်းကမ်းသစ်တွေကိုရုပ်သိမ်းဖို့ ကျန်းမာရေးပညာရှင်တွေပါတဲ့ အဖွဲ့တခုက သဘောတူညီခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul (အာနုတင် ချန်ဗီရာကုလ်) ကပြောပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့နှုန်းက လုံလောက်မှုရှိတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း သက်သေပြရမယ်ဆိုရင် ခရီးသည်တွေအတွက် အဆင်မပြေတာမျိုးတွေဖြစ်လာနိုင်တယ်လို့လည်း ဝန်ကြီး ချန်ဗီရာကုလ်ကပြောကြောင်း ရိုက်တာသတင်းတရပ်မှာရေးထားပါတယ်။

ထိုင်းကိုလာမယ့် နိုင်ငံတကာကခရီးသည်တွေအနေနဲ့ကိုဗစ်ကာကွယ်ဆေး ၂ လုံးထိုးထားတဲ့သက်သေနဲ့ ဆေးမထိုးထားသူတွေမှာလည်း ဆရာဝန်လက်မှတ် ဒါမှမဟုတ် ကိုဗစ်ရောဂါကနေ ပြန်လည်သက်သာပျောက်ကင်းကြောင်း သက်သေအထောက်အထားတွေပြသရမယ်ဆိုပြီး ထိုင်းလေကြောင်းအာဏာပိုင်တွေရဲ့ စနေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်းမှာခရီးသွားတွေ ကိုဗစ်ကာကွယ်ဆေး ထိုးထားကြောင်း အထောက်အထားပြရမယ့်အမိန့် ပြန်ရုပ်.mp3

================

[Unicode]]




