အီသီယိုးပီးယားနိုင်ငံမှာ အစိုးရ နဲ့ TPLF -Tigray တီကရေးလွတ်မြောက်ရေးသူပုန်တွေအကြား ဖြစ်နိုင်ခြေရှိတဲ့ တွေဆုံဆွေးနွေးရေးနဲ့ပတ်ပြီး ကြိုတင်သတ်မှတ်ချက်တချို့ကို ကြာသာပတေးနေ့မှာ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သတ်မှတ်ချက် ၃ ခုကိုပြောဆိုပါတယ်။ ပထမ အချက်တော့ တိုက်ခိုက်နေတာတွေကိုရပ်တန့်ရမယ်။ ဒုတိယအချက်ကတော့ သိမ်းပိုက်ထားတဲ့ အမ်ဘာရာ Ambara နဲ့ အဖာ Afar ကနေ TPLF တပ်တွေဆုတ်ခွါပေးဖို့။ တတိယအချက်ကတော့လက်ရှိဝန်ကြီး ချုပ် Abiy Ahmed ရဲ့အစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဖို့ ဆိုတဲ့အချက် ၃ ချက်ကိုလိုက် နာရင်ဆွေးနွေးပွဲဖြစ်လာနိုင်တယ်လို့ အီသီယိုး ပီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Dina Mufit ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးလုပ်မယ်မလုပ်ဘူးဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သူကပြော ဆိုခဲ့ပါတယ်။ Tigray ဒေသကိုအခြေခံတဲ့ တီဂရေးလွတ်မြောက်ရေးသူပုန်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက Getachew Reda ကပြောဆိုရာမှာတော့ အမ်ဟာရာ နဲ့ အဖာ ဒေသတွေကနေ ဆုတ်ခွါပေးရမယ်ဆိုတဲ့အချက်ဟာ ဆွေးနွေးပွဲကိုစတင်စေနိုင်တဲ့ ကမ်းလှမ်းချက်မျိုးလုံးဝမဟုတ်ဘူးလို့ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာဖရိကဦးချိုဒေသဆိုင်ရာ အထူးကိုယ်စားလှယ် Jeffrey Feltman ဟာ အီသီယိုးပီးယားကိုသွားရောက်ခဲ့ပြီး အီသီးယိုးပီးယားတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အိမ်နီးခြင်း ကင်ညာနိုင်ငံတာဝန်ရှိသူတွေနဲ့လည်းဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ အီသီယိုးပီးယားကနေ ပြန်လည်ထွက်ခါသွားပါတယ်။
အာဖရိကသမဂ္ဂ အထူးကိုယ်စားလှယ် နိုက်ဂျီးရီးယား သမတဟောင်း Olusegun Obasanjo ဟာ အီသီးယိုးပီးယားဝန်ကြီးချုပ် Abiy နဲ့တွေ့ဆုံခဲ့ပြီး ကြာသာပတေးနေ့မှာပြန်လည်ထွက်ခွါသွားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ဟာ အာဖရိကသမဂ္ဂအထူးကိုယ်စားလှယ် Obasanjo ကို ဗုဒ္ဓဟူးနေ့ဆက်သွယ်စကားပြောခဲ့ပြီး ကြားဝင်ဆောင်ရွက်မှုကို ပြည့်အဝထောက်ခံအားပေးကြောင်း ပြောဆိုခဲ့ပါတယ်။
-------------------------
Your browser doesn’t support HTML5
Tigray သူပုန်နဲ့ ဆွေးနွေးရေး ကြိုတင်သတ်မှတ်ချက် အီသီယိုပီးယား အစိုးရထုတ်ပြန်