ကယ်လီဖိုးနီးယားပြည်နယ် ရေဘေး ဓာတ်ပုံသတင်း (ဇန်နဝါရီ ၁၀၊ ၂၀၂၃)

ကယ်လီဖိုးနီးယားပြည်နယ်၊ ကတ်ပီတိုလာမြို့မှာ ရေထဲထိုးထွက်နေတဲ့ ဆိပ်ခံတံတား ၂ ပိုင်းကျိုးပျက်စီးနေတာကို ဝေဟင်ကရိုက်ကူးထားတာပါ (ဇန်နဝါရီ ၉၊ ၂၀၂၃) ။ မိုးဇလပညာရှင်တွေ ဆိုင်ကလုံးဗုံးလို့နာမည်တပ်တဲ့ မုန်တိုင်းကြောင့် ပြည်နယ်တခုလုံး ရေလွှမ်းမိုးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ကိန်းရှိပါတယ်။ 

မွန်တက်စီဒိုမြို့မှာ ရေကျော်နေသည်ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ နေရာအနှ့ံ့တွေ့ရပြီး အဲဒီလိုတားထားရင် ဒီလမ်းက ဆက်မောင်းလို့မရပါဘူး။ 

ဆာခရာမန်တိုခရိုင် စည်ပင်အဖွဲ့စားတွေ မုန်တိုင်းအပြီး လျှပ်စီလိုင်းတွေ ပြန်ထူနိုင်ဖို့ ပြင်နေကြရပါတယ်။ (ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၉၊ ၂၀၂၃) 
 

ဂီလ်ရိုင်မြို့က ရေကြီးနေတဲ့ အိမ်တလုံးဖြစ်ပါတယ်။ ကားအမြင့်တွေ ရေဖုံးလုနီးဖြစ်ပြီး ဟိုင်းလက်စ်လို ကားတစီး ခေါင်မိုးနားထိ မြုပ်နေပါတယ်။ (ဇန်နဝါရီ ၉၊ ၂၀၂၃) 

ကာမယ်လ်ဗယ်လီမြို့ ပါဆိုဟွန်ဒိုမြို့မှာတော့ ကာမယ်လ်မြစ်ရေတက်ပြီး အိမ်တလုံးရဲ့ ဂိုထောင်တွေ တဝက်အထိရေကြီးနေခဲ့ပါတယ်။ လေထုထဲက ရေငွေ့စီးကြောင်းတွေ အဆက်မပြတ်စီးဆင်းမှုက မိုးအများကြီးရွာသွန်းတာတွေ ဆီးနှင်းထူထူထဲထဲကျတာတွေ ဖြစ်စေတာပါ။ 

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာမြို့လယ်မှာ နေထိုင်သူတွေ တကိုယ်ရေသုံးပစ္စည်းတွေသယ်ရင်း ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။ (ဇန်နဝါရီ ၉ ၊ ၂၀၂၃)

ကယ်လီဖိုးနီးယားပြည်နယ်၊ မော်ရို ပင်လယ်အော်မှာ ရေနစ်နေတဲ့ပုံတွေကို လူမှုကွန်ယက်တွေမှာ တွေ့ရတာပါ။ (ဇန်နဝါရီ ၉ ၊ ၂၀၂၃)

ဖယ်လ်တွန်မြို့သူ ကမ်မီလာ ရှက်ဖာ က ညဘက်ရေတက်လာပြီး နောက်တနေ့ ရေပြန်ကျသွားချိန် အိမ်ကို ပိတ်ဆို့နေတဲ့ရွှံ့နွံတွေကို ဖယ်ထုတ်သန့်ရှင်းနေတာပါ။ (ဇန်နဝါရီ ၉ ၊ ၂၀၂၃)

ဆန်တာ ဘာဘရာမြို့အရှေ့ပိုင်း ရေလွှမ်းနေတဲ့လမ်းပေါ်မှာ ထားရစ်ခဲ့ရတဲ့ ကားတွေကို မြို့ခံတွေက ကြည့်နေကြတာပါ။ (ဇန်နဝါရီ ၉ ၊ ၂၀၂၃)

Venus Pie Trap စားသောက်ဆိုင်ပိုင်ရှင်တွေက သူတို့ဆိုင်ရှေ့မှာ သဲအိတ်တွေချပြီး ရေတားနေစဉ်။ (ဇန်နဝါရီ ၉ ၊ ၂၀၂၃) 

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ဘာဘရာမြို့အရှေ့ခြမ်းမှာ ရွှံ့မြေတွေလွှမ်းလာနိုင်လို့ ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ထုတ်ပြီးတဲ့နောက် ရေလွှမ်းနေတဲ့လမ်းမှာ ကားတစီးနဲ့ဆွဲခိုင်းပြီး ရေလွှာလျှောစီးနေတဲ့ ၂၃ နှစ်အရွယ် Max Barnett (ဇန်နဝါရီ ၉ ၊ ၂၀၂၃)