အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟုဂန္ဒီ တိုင်းပြည်ဖြတ်ချီတက်ပွဲ စတင်

India Opposition March

မေလမှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီကို ယှဥ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး အဓိက အတိုက်အခံခေါင်းဆောင် ရာဟုဂန္ဒီဟာ တိုင်းပြည်ဖြတ် ချီတက်ပွဲအသစ်တရပ်ကို တနင်္ဂနွေနေ့က စတင်လိုက်ပါတယ်။

ပြည်နယ်သုံးပြည်နယ်မှာ ဂန္ဒီရဲ့ကွန်ဂရက်ပါတီရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဒီ ချီတက်ပွဲ ဖြစ်လာခဲ့တာပါ။ ဒီ ချီတက်ပွဲကို စည်းလုံးညီညွတ်တဲ့ အိန္ဒိယတရားမျှတမှု ချီတက်ပွဲ လို့ ခေါ်ဆိုထားပါတယ်။ ဒီ ချီတက်ပွဲကို အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်က စလိုက်ပြီး ပြည်နယ်ပေါင်း ၁၅ ခုကို ဖြတ်သွားမှာဖြစ်ပါတယ်။ မိုင်ပေါင်း ၄,၂၀၀ ရှည်မှာဖြစ်ပြီး ၆၆ ရက် ကြာမှာဖြစ်ပါတယ်။ တချို့ ခရီးတွေကိုတော့ ကားနဲ့သွားမှာပါ။

ပြီးခဲ့တဲ့နှစ်က တိုက်ပွဲတွေကြောင့် မဏိပူရမှာ အနည်းဆုံး လူ ၁၈၀ သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရတာပါ။ မဏိပူရမှာ ကြုံရတဲ့ နားကျင်ဆုံးရှုံးမှု၊ စိတ်ဒုက္ခရောက်မှုတွေ ကို အတိုက်အခံ ကွန်ဂရက်ပါတီ က နားလည်ကြောင်း၊ ဒါကြောင့် မဏိပူရမှာ ချီတက်ပွဲစဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဂန္ဒီက ပြောပါတယ်။

သူ့ခေါင်းဆောင်မှုနဲ့ ကွန်ဂရက်ပါတီကို လူတွေ ပိုလက်ခံလာဖို့အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းကလည်း အိန္ဒိယတောင်ပိုင်းအစွန်းကနေ မြောက်ပိုင်းမှာရှိတဲ့ ကက်ရှ်မီးယားအထိ မိုင်ပေါင်း ၂,၂၀၀ ကို ရာဟု ဂန္ဒီဟာ ၁၃၅ ရက်ကြာ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟုဂန္ဒီ တိုင်းပြည်ဖြတ်ချီတက်ပွဲ စတင်