အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျနေတဲ့ ကိုရီးယားသမ္မတ ပြန်လွတ်လာ

 တောင်ကိုရီးယားသမ္မတဟောင်း Lee Myung-bak ဆိုးလ်မြို့တော်တရားရုံးမှာ ပထမဆုံးရုံးထုတ်စစ်ဆေးချိန်။ (မေ ၂၃၊ ၂၀၁၈)

[[Zawgyi/Unicode]]

အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း Lee Myung-bak (အီမြောင်ဘတ်) ကို အင်္ဂါနေ့က လက်ရှိသမ္မတ Yoon Suk-yeol က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ လူ ၁,၃၀၀ ကျော်စာရင်းမှာ သမ္မတဟောင်း အီမြောင်ဘတ် ပါဝင်တာပါ။

အမျိုးသားရင်ကြားစေ့ရေး၊ သည်းခံရေးနဲ့ ကြင်ကြင်နာနာစဉ်းစားရေးအရ ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး ရှု့ထောင့်ကနေ ခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာဖြစ်တယ်လို့ သမ္မတ Yoon Suk-yeol နဲ့ အစိုးရအဖွဲ့အစည်းအဝေးပြီးတဲ့နောက် တရားရေးဝန်ကြီး Han Dong-hoon (ဟန်ဒေါင်ဟွန်း) က သတင်းထောက်တွေကို ပြောပါတယ်။

အီမြောင်ဘတ်ဟာ ၂၀၀၈ ကနေ ၂၀၁၃ အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လာဘ်စားမှုနဲ့ ထောင် ၁၇ နှစ် ကျခဲ့တာပါ။ ပုံမှန်အတိုင်းဆိုရင် သူ အသက် ၉၆ နှစ်အရွယ် ၂၀၃၆ မှသာ ထောင်ကလွတ်မှာပါ။ ဒါပေမဲ့ သူ့အသက် နဲ့ ကျန်းမာရေးကြောင့် သမ္မတဟောင်း အီမြောင်ဘတ်ကို ဇွန်လတုန်းကတော့ အကျဉ်းထောင်ကနေ ယာယီလွှတ်ပေးထားပြီး အခုလွတ်ငြိမ်းခွင့်ပေးလိုက်တာပါ။ သူ့သမ္မတသက်တမ်းကာလမှာ ကမ္ဘာ့ငွေကြေးအကျပ်အတည်းကာလကို ဖြတ်သန်းခဲ့ပြီး ၂၀၁၈ ဆောင်းရာသီအိုလံပစ် ကျင်းပခွင့်ရရှိအောင်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျနေတဲ့ ကိုရီးယားသမ္မတ ပြန်လွတ်လာ.mp3

===============

[[Unicode]]



