အလုပ်သမားနေ့ပိတ်ရက်တွေအတွက် မကာအိုကို တရုတ်ခရီးသွားတွေ ဝင်လာမစဲ တသဲသဲဖြစ်လာတာကြောင့် မကာအိုက စားသောက်ဆိုင်လုပ်ငန်းတွေလည်း ပြန်ကောင်းလာနေပါတယ်။
ဧပြီ ၂၉ စနေနေ့နဲ့ ဧပြီ ၃၀ တနင်္ဂနွေနေ့တွေ မှာ တရက်ကို လူ တသိန်းကျော်နှုန်းနဲ့ တရုတ်ခရီးသွားတွေက မကာအိုကို ရောက်လာနေကြတာပါ။ အရင့်အရင် ရက်တွေတုန်းကတော့ တနေ့မှ ခရီးသွား ၆ သောင်းပဲရှိခဲ့ပါတယ်။ForwardKeys သတင်းအချက်အလက်လုပ်ငန်းရဲ့ အလိုအရ ဧပြီ ၁၇ ကနေ မေလ ၇ ရက်နေ့အထိ မကာအိုဟာ တရုတ်ခရီးသည်တွေလာကြတဲ့အရပ် ဖြစ်ပါတယ်။
ကပ်ဘေးမတိုင်မီကာလ ၂၀၁၉ စာရင်းထက် ၁၁ ရာနှုန်း တက်သွားခဲ့တာဖြစ်ပါတယ်။ ဟောင်ကောင်ကတော့ ၃၂ ရာနှုန်း ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
မကာအိုဟာ ကမ္ဘာမှာ လောင်းကစားမှာ အကြီးမားဆုံးနေရာ ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေ သိန်းချီလာကြပြီး ကာစီနိုတွေမှာ လောင်းကစားကြ၊ စားသောက်ဆိုင်တွေမှာ စားသောက်ကြ၊ ဈေးတွေဝယ်ကြနဲ့ စည်ကားတဲ့နေရာပါ။ ခုလို ခရီးသွားများလာတဲ့ကာလမှာ တနေ့ကို ၁၈ နာရီ ၁၉ နာရီလောက် အလုပ်လုပ်ကြရတယ်လို့ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူ Becky Zhang က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
Your browser doesn’t support HTML5
တရုတ် လောင်းကစားခရီးသည်တွေနဲ့ မကာအိုစည်ကား