[[Zawgyi/Unicode]]
တည်ဆဲယန္တရားတွေကို အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တင်းမာမှုတွေကို ပြောင်းလဲလိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောပါတယ်။ သတင်းသမားအနည်းငယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံချိန် တနင်္ဂနွေညနေက ခုလို ပြောဆိုလိုက်တာပါ။
“အခြေခံအားဖြင့်တော့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပုန်ကန်သူတွေကို အရေးယူဆောင်ရွက်တာပါပဲ။ ရည်ရွယ်ချက်မရှိဘဲ မတော်တဆ ဖြစ်ခဲ့ဟန်တူပါတယ်။ မြန်မာဘက်ကလည်း ဒါကို အသိအမှတ်ပြုပါတယ်။”
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်တပ်ကြား ဖြစ်ခဲ့တဲ့တင်းမာမှုတွေကို တည်ဆဲနည်းလမ်းတွေနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်အောင် ဆွေးနွေးဖို့ပြောဆိုတာပါ။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ၁၀ ကီလိုမီတာအကွာမှာ ပစ်ခတ်တာတွေရှိနေပြီး နယ်ခြားစောင့်တပ်ဖွဲ့ က စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ကျည်နဲ့ ဗုံးဆံတွေက ဘင်္ဂလားဒေ့ရှ်နယ်မြေတွင်းကို ကျရောက်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
အစောပိုင်းတုန်းကလည်း ဘင်္လားဒေ့ရှ်နယ်မြေအတွင်း ကျည်နဲ့ မော်တာဗုံးဆံတွေကျခဲ့ပြီး ဘင်္ဂလားဒေ့ရှ် လေပိုင်နက်ထဲ ကျူးကျော်ခဲ့တာကိုလည်း စိုးရိမ်မကင်းဖြစ်ခဲ့ကြောင်း မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ် ပြောကြားခဲ့ပါတယ်။ ခုလို ဖြစ်ပျက်တာတွေဟာ ငြိမ်းချမ်းစွာ နေထိုင်လိုကြတဲ့ ပြည်သူတွေကို ခြိမ်းခြောက်ရာ ရောက်ပြီး နှစ်နိုင်ငံကြား သဘောတူညီချက်တွေကို ချိုးဖောက်ရာ ရောက်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံရုံးကလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီ ကိစ္စ တင်ပြခဲ့တယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5
နယ်စပ်တင်းမာမှုတွေ မြန်မာနဲ့ ဆွေးနွေးလိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော.mp3
==============
[[Unicode]]