နောက်ထပ် စီးပွားရေးလုပ်ငန်း ၅၆ ခုကို Burma Campaign UK အမည်မည်းစာရင်း ထည့်သွင်း

Burma Campaign UK က အမည်မည်းစာရင်းတင်သွင်းတဲ့ မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေကြတဲ့ ကုမ္ပဏီများ (Burmra Campaign UK)

[[Zawgyi/Unicode]]


မြန်မာစစ်တပ်နဲ့ ထိတွေ့လုပ်ဆောင်နေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတာ စတဲ့ အထောက်အထားတွေ တွေ့ရှိရတဲ့ ကုမ္ပဏီ ၅၆ ခုကို ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က အမည်မည်း စာရင်းထဲ ထပ်မံ ထည့်သွင်းလိုက်ပါတယ်။

Burma Campaign UK အဖွဲ့က အမည်မည်းစာရင်းသွင်းတဲ့ ကုမ္ပဏီ အခုချိန်ထိ ၁၇၂ ခု ရှိသွားပြီဖြစ်ပြီး အများစုဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေး ဆက်စပ် လုပ်ဆောင်နေတာ၊ ဒါမှမဟုတ် မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ တင်ပို့နေတဲ့ ကုမ္ပဏီတွေ ဖြစ်တယ်လို့ Burma Campaign UK က ဒီကနေ့ ထုတ်ပြန်တဲ့ ကြောညာချက်မှာ ဖော်ပြထားပါတယ်။

ဒီ အမည်မည်းစာရင်းဟာ မြန်မာစစ်တပ်ကို ဘဏ္ဍာငွေကြေး ရရှိအောင်နဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို ဖော်ထုတ်နေတာဖြစ်ကြောင်းနဲ့ လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ စစ်အာဏာသိမ်းပြီး မုဒိမ်းမှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတယ်ဆိုတာ ဘယ်လိုမှ လက်ခံလို့မရနိုင်ကြောင်း Burma Campaign UK အဖွဲ့ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

အမည်မည်းစာရင်းမှာ ထည့်သွင်းခံရတဲ့ ကုမ္ပဏီတိုင်းကို တလကြိုတင် အကြောင်းကြားပြီး သူတို့ရရှိထားတဲ့ အချက်အလက်တွေ မှန်ကန်ခြင်း ရှိမရှိဆိုတာနဲ့ တကယ်လို့ မှားယွင်းနေရင် ပြင်ဆင်ခွင့် ကြိုတင် ပေးထားခဲ့တယ်လို့ Burma Campaign UK အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းတွေ တင်ပို့ရောင်းချမှုနဲ့ ရုရှားကုမ္ပဏီ ၁၅ ခုနဲ့ တခြား ကုမ္ပဏီတွေကို အခု အမည်မည်းစာရင်းအသစ်ထဲ ထည့်သွင်းလိုက်တာလို့ ဆိုပါတယ်။ အခုအသစ်ထုတ်ပြန်တဲ့ အမည်မည်းစာရင်းထဲမှာ ဗြိတိန်အခြေစိုက် ကုမ္ပဏီ ၂ ခုလည်း ပါတယ်လို့ ဆိုပါတယ်။

Burma Campaign UK အဖွဲ့အနေနဲ့ ဒီအမည်မည်းစာရင်းကို ဆက်လက် ပြုစုနေဆဲဖြစ်ပြီး လာမယ့် ဇူလိုင်လအတွင်း စာရင်းအသစ်ကို ထပ်မံ ထုတ်ပြန်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

နောက်ထပ် စီးပွားရေးလုပ်ငန်း ၅၆ ခုကို Burma Campaign UK အမည်မည်းစာရင်း ထည့်သွင်း

=========

[[Unicode]]









=========