မြန်မာနိုင်ငံက နိုင်ငံခြားကုမ္ပဏီတွေ ဒေါ်လာအခက်အခဲရှိလာနေ

US dollar (Photo- the Global New Light of Myanmar)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေထိန်းချုပ်ရေး အပြောင်းလဲတွေကြားမှာ ဒေါ်လာငွေ လျော့နည်းလာတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း Nikkei Asia သတင်းစာက ရေးပါတယ်။

နိုင်ငံခြားငွေ အလုံအလောက်မရှိတာက အကြီးဆုံးပြဿနာဖြစ်တဲ့အကြောင်း ဂျပန် စီးပွားရေးလုပ်ငန်းရှင်အကြီးအကဲတဦးပြောပြတာကို သတင်းစာက ကိုးကားရေးသားထားတာပါ။ ပြည်တွင်းမှာ နိုင်ငံခြားငွေအသုံးပြုမှု ကျယ်ပြန့်လာတာ၊ နိုင်ငံခြားငွေလိုအပ်ချက် များလာတာနဲ့ ငွေလဲနှုန်း မတည်ငြိမ်တာတွေကို ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ ဧပြီလနောက်ပိုင်းမှာ ဗဟိုဘဏ်က ကန့်သတ်ချက်တွ ဆက်တိုက် ထုတ်လာခဲ့ပါတယ်။

နိုင်ငံခြားငွေ လက်ခံရရှိသူတွေအားလုံး မြန်မာကျပ်ငွေနဲ့လဲဖို့ နိုင်ငံခြားငွေ လွှဲပြောင်းမှုကို ကြပ်မတ်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်ပကလာရောက်လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကို ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ တဆက်တည်းမှာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ကုန်ပစ္စည်းဝယ်ယူရောင်းချခြင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ပေးချေတာ၊ ဈေးနှုန်းဖေါ်ပြတာတွေမှာ ပြည်တွင်းသုံး ကျပ်ငွေနဲ့သာ ဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံတချို့ဟာ ဘဏ္ဍာရေးလုံခြုံမှုနဲ့ယှဉ်တွဲပြီး ဒေါ်လာကို လက်နက်သဖွယ်အသုံးချနေတာကြောင့် ဒေါ်လာအနိုင်ကျင့်မှုခံရတယ်လို့ ပြောဆိုပြီး နိုင်ငံတကာနဲ့ ကုန်သွယ်ရေးမှာ ရူဘယ်၊ ယွမ်၊ ယူပီး စတဲ့ငွေတွေနဲ့ အစားထိုးဖို့ ရုရှားနိုင်ငံ Vladivostok မြို့မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မနေ့က တိုက်တွန်းသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံက နိုင်ငံခြားကုမ္ပဏီတွေ ဒေါ်လာအခက်အခဲရှိလာနေ.mp3

===============

[[Unicode]]




