“ကလေးငယ်များသေဆုံးတဲ့ပစ်ခတ်မှုမဖြစ်ခဲ့” လို့ လုပ်ကြံပြောသူကို ဒေါ်လာ ၁ ဘီလျံနီးပါး ဒဏ်ရိုက် 

Sandy Hook မူလတန်းကျောင်းပစ်ခတ်ခံရလို့ ကလေးတွေ သေဆုံးခဲ့ရမှုကို တကယ်မဟုတ်ဘူးလို့ပြောတဲ့အမှုအတွက် တရားရင်ဆိုင်ဖို့ ရောက်လာသူ Alex Jones (စက်တင်ဘာ ၂၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က မူလတန်းကျောင်းတခုမှာ သေနတ်သမားပစ်ခတ်လို့ ကလေးငယ်တွေ သေဆုံးခဲ့တယ်ဆိုတာ တကယ်မဟုတ်ဘူးလို့ ပြောနေသူ Alex Jones အနေနဲ့ လျော်ကြေး ဒေါ်လာ ၉၆၅ သန်းပေးရမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

အငြင်းပွားစရာသတင်းတွေကို တင်ဆက်နေသူ Alex Jones က သူ့ရဲ့ ရေဒီယိုအစီအစဉ်နဲ့ Website ပေါ်မှာ ပစ်ခတ်မှု တကယ်ဖြစ်ခဲ့တာမဟုတ်သလို ကလေးငယ် တယောက်မှ သေဆုံးခဲ့တာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ ကလေးငယ် ၈ ယောက်ရဲ့ မိသားစုတွေနဲ့ ပစ်ခတ်မှုဖြစ်ရာကို သွားရောက်တုံ့ပြန်တဲ့ FBI အရာရှိတယောက်က Alex Jones ရဲ့ ပြောကြားမှုတွေကြောင့် သူတို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရတယ်ဆိုပြီး Alex Jones ကိုတရားစွဲခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့မဟုတ်မမှန်ပြောကြားမှုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုအပါအဝင် အနှောင့်အယှက်ပေးမှုတွေ ခံရတယ်လို့ မိသားစုတွေက ပြောပါတယ်။

ကလေး ၈ ယောက်ရဲ့မိသားစုကို လျော်ကြေး သန်း ၁,၀၀၀ နီးပါးပေးရမယ်ဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို Alex Jones က ပယ်ချပါတယ်။ Sandy Hook မူလတန်းကျောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ နောက်ကလေးငယ်တယောက်ရဲ့ မိသားစုကိုလည်း Alex Jones အနေနဲ့ လျော်ကြေး သန်း ၅၀ ပေးဖို့ Texas ပြည်နယ်တရားရုံးကလည်း August လတုန်းက အမိန့်ချထားပါတယ်။ Sandy Hook မူလတန်းကျောင်း ပစ်ခတ်မှုမှာ ကလေးငယ်အယောက် ၂၀ နဲ့ လူကြီး ၆ ယောက် သေဆုံးခဲ့ပါတယ်။

Your browser doesn’t support HTML5

“ကလေးငယ်များသေဆုံးတဲ့ပစ်ခတ်မှုမဖြစ်ခဲ့” လို့ လုပ်ကြံပြောသူကို ဒေါ်လာ ၁ ဘီလျံနီးပါး ဒဏ်ရိုက်.wav

--------------------

[[Unicode]]

“ကလေးငယျမြားသဆေုံးတဲ့ပဈခတျမှုမဖွဈခဲ့” လို့ လုပျကွံပွောသူကို ဒေါျလာ ၁ ဘီလြံနီးပါး ဒဏျရိုကျ



