Sean Turnell အင်းစိန်ထောင်ပြောင်းသတင်း အတည်ပြုချက်မရသေး

NLD အစိုးရလက်ထက်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး ပါမောက္ခ Sean Turnell


[[Zawgyi/Unicode]]

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ကို နေပြည်တော်အကျဉ်းထောင်ကနေ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့အကြောင်း တရားရေးသတင်းရပ်ကွက်က AFP သတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် ဘယ်အချိန်က ရန်ကုန် အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်ဆိုတာ တိတိကျကျမသိရသလို ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။ ရန်ကုန်မှာရှိတဲ့ သြစတေးလျ သံရုံးဘက်ကလည်း တစုံတရာ ပြောဆိုခြင်း မရှိသေးသလို Sean Trunell ရဲ့ ရှေ့နေကလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Mr Sean Turnell ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပေဒ ချိုးဖေါက်မှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖေါက်မှုတွေအတွက် စက်တင်ဘာ ၂၉ ရက်နေ့မှာ နေပြည်တော် အထူးတရားရုံးက အမှု ၂ ခုလုံးစအတွက် အလုပ်မပါ ထောင်ဒဏ် ၃ နှစ် တပေါင်းတစည်းတည်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က ဘဏ္ဍာရေး ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဦးဆက်အောင်တို့ကိုလည်း နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပေဒ ချိုးဖေါက်မှုနဲ့ အလုပ်မပါ ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong ကတော့ Sean Turnell အပေါ် ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်တာကို လက်မခံတဲ့အကြောင်းနဲ့ ချက်ခြင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုထားသလို လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်သွားမယ်ဆိုပြီး ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

Sean Turnell အင်းစိန်ထောင်ပြောင်းသတင်း အတည်ပြုချက်မရသေး.mp3

--------------

[[Unicode]]




