သီရိလင်္ကာမြို့တော် လုံခြုံရေးတင်းကြပ်ထား

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလမ်ဘိုက ဝန်ကြီးချုပ်နေအိမ်စစ်ဆေးရေးဂိတ်က လုံခြုံရေးတာဝန်ယူထားသူများ။ (မေ ၁၀၊ ၂၀၂၂)  


[[Zawgyi/Unicode]]

သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့အပြီး မြို့တော်မှာ လုံခြုံရေးတပ်တွေချလိုက်ပါပြီ။

မြို့တော် ကိုလမ်ဘိုမှာ ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူတွေကြား အခုလိုတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက်တနေ့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ တင့်ကားတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေ ချထားလိုက်တာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့ညနေကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် မီးရှို့မှုတွေနဲ့ ဖျက်ဆီးမှုတွေ ဒုတိယမြောက်နေ့အထိ ဆက်ရှိခဲ့တာကြောင့် အကြမ်းဖက်မှုတွေမှာ ပါဝင်တယ်လို့ ယူဆရတဲ့သူတွေကို ပစ်ဖို့လည်း လုံခြုံရေးတပ်တွေကို အမိန့်ပေးထားပါတယ်။

သီရိလင်္ကာမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ဆန္ဒပြမှုတွေကြောင့် အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ နိုင်ငံ့စီးပွါးရေး ချွတ်ခြုံကျ၊ ဒေဝါလီခံလုနီးပါးဖြစ်နေတဲ့ အကြွေးပြဿနာကြောင့် သမ္မတ Gotabaya Rajapaksa နဲ့ သူ့အကို ဝန်ကြီးချုပ်တို့ ရာထူးကနုတ် ထွက်ပေးဖို့ နိုင်ငံတဝန်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကနေ အကြမ်းဖက်တိုက်ခိုက်မှုဘက်ကို ပြောင်းခဲ့ပြီး လူ ၅ ဦး သေဆုံး၊ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပြီးတဲ့နောက် တနင်္လာနေ့က သမ္မတနဲ့ ညီအကိုတော်စပ်သူ ဝန်ကြီးချုပ် Mahinda Rajapaksa ရာထူးကနုတ်ထွက်သွားခဲ့ပါတယ်။

ဝန်ကြီးချုပ် နုတ်ထွက်ပြီး နောက်နေ့မှာပဲ ဝန်ကြီးချုပ်နေအိမ်ကို ဆန္ဒပြလူအုပ်ကြီးက ဝိုင်းလာတဲ့အတွက် လုံခြုံရေးစိုးရိမ်ရတာကြောင့် စစ်တပ်က ညတွင်းချင်း နေအိမ်ကနေ အရေးပေါ် ကယ်ထုတ်သွားခဲ့ရတယ်လို့လည်း AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတချို့နဲ့ သူတို့မိသားစုတွေ အိန္ဒိယနိုင်ငံကို ထွက်ပြေးကြတယ်လို့ ဆိုရှယ်မီဒီယာမှာ ဖော်ပြနေပေမယ့် အိန္ဒိယသံရုံးဘက်က ငြင်းဆိုထားပြီး၊ သီရိလင်္ကာကို အိန္ဒိယတပ်တွေ စေလွှတ်နေတယ်လို့ ဖော်ပြနေတာကိုလည်း ပယ်ချခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ဒေါ်လာ ၃.၅ ဘီလီယံနဲ့ အစားအစာ ဆေးဝါးတွေလို မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပေးပို့ခဲ့တယ် လို့လည်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပေးခဲ့ပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

သီရိလင်္ကာမြို့တော် လုံခြုံရေးတင်းကြပ်ထား

==============
[[Unicode]]



မွို့တောျ ကိုလမျဘိုမှာ ဆန်ဒပွသူတှနေဲ့ အစိုးရထောကျခံသူတှကွေား အခုလိုတိုကျခိုကျမှုတှဖွေဈခဲ့ပွီးနောကျတနေ့ ဒီနေ့ ဗုဒ်ဓဟူးနေ့မှာတော့ တင့ျကားတှအေပါအဝငျ လုံခွုံရေးတပျဖှဲ့တှေ ခထြားလိုကျတာပါ။






==============