၈၄ နှစ်အရွယ် ဩစတြီးယားအမျိုးသားကို တာလီဘန်ပြန်လွှတ်

တာလီဘန်တွေက ပြန်လွှတ်ပေးလိုက်တဲ့ သြစတြီးယားနိုင်ငံသား၈၄ နှစ်အရွယ် Herbert Fritz speaks ကကာတာနိုင်ငံ၊ ဒိုဟာမြို့လေဆိပ်ကိုအရောက်မှာ မီဒီယာတွေနဲ့တွေ့ဆုံစဥ်။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၄)

အာဖဂန်နစ္စတန်နိုင်ငံမှာ မနှစ်ကအဖမ်းခံခဲ့ရတဲ့အသက် ၈၄ နှစ်အရွယ် သြစတြီးယားနိုင်ငံသားတဦးကို တာလီဘန်တို့က ပြန်လွှတ်ပေးလိုက်လို့ သြစတြီးယားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အာဖဂန်က ပြန်လွတ်လာတဲ့ Herbert Fritz ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာရောက်ရှိလာတယ်လို့ သြစတြီးယား နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။ သြစတြီးယားကို ခရီးမဆက်ခင် လိုအပ်ရင် ဆေးကုသမှုပေးမယ်လို့လည်း ပြောထားပါတယ်။ သူ့ကို Kabul မြို့အကျဥ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာလို့လည်း သြစတြီးယားနိုင်ငံခြားရေးရုံးပြောခွင့်ရသူက အေပီသတင်းဌာနကို ပြောပါတယ်။

သြစတြီးယား ဝန်ကြီးချုပ် Karl Nehammer က အာဖဂန်မှာ အကျဥ်းကျနေတဲ့ သူ့နိုင်ငံသားပြန်လည်လွတ်မြောက်ရေးအတွက် အခိုင်အမာ ကူညီပေးခဲ့ကြတဲ့ ကာတာစော်ဘွေား Sheikh Tamim bin Hamad Al Thani နဲ့အဖွဲ့သားတွေကို အထူးကျေးဇူးတင်ကြောင်း X လူမှုစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

သြစတြီးယားနိုင်ငံသားတဦးကို လွှတ်ပေးခဲ့တဲ့ အာဖဂန်အိမ်စောင့်အစိုးရကို ကျေးဇူးတင်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးရုံးက X လူမှုစာမျက်နှာမှာရေးသားထားတာပါ။ ၁၉၈၈ ခုနှစ်မှာ ဖျက်သိမ်းခံခဲ့ရတဲ့ လက်ယာစွန်း National Democratic Party တည်ထောင်သူ သြစတြီးယားနိုင်ငံသားတဦး အာဖဂန်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သြစတြီးယားသတင်းစာ Der Standard က ၂၀၂၃ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

၈၄ နှစ်အရွယ် ဩစတြီးယားအမျိုးသားကို တာလီဘန်ပြန်လွှတ်