ယူကရိန်းမြို့တော်မှာ ပထမဆုံး စစ်ရာဇဝတ်မှုကြားနာ

Russia Ukraine War

[[Zawgyi/Unicode]]

ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ စစ်ရာဇဝတ်မှုခုံရုံး စတင်လိုက်ပြီး ပထမဆုံးအနေနဲ့ ရုရှားတပ်ဖွဲ့ဝင်တဦးကို ကြားနာစစ်ဆေးပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်စစ်ဖြစ်လာအပြီး ပထမဆုံးကြားနာစစ်ဆေးတဲ့ စစ်ရာဇဝတ်မှုခုံရုံးပါ။ ဒီ စစ်ရာဇတ်ခုံရုံးမှာတော့ အသက် ၆၂ အရွယ်လူတဦး ဦးခေါင်းကို သေနက်နဲ့ပစ်သတ်မှုစွဲချက်နဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားတပ်ကြပ် Vadmin Shyshimarin ကို ကြားနာစစ်ဆေးပါတယ်။

ယူကရိန်းစစ်ပွဲ စစချင်း ပထမ သီတင်းပတ်ထဲ နိုင်ငံအရှေ့မြောက်ပိုင်း Chupakhivka ရွာထဲမှာ အခုလို အသက်ကြီးသူတဦးကို ပစ်သတ်ခဲ့မှုအတွက် ရုရှား တင့်ကားတပ်ဖွဲ့ဝင် Shyshimarin ကို စတင်တဲ့ ဒီခုံရုံးမှာ သတင်းထောက်တွေ ပြည့်သွားခဲ့ပါတယ်။

အပြစ်ရှိကြောင်းဆုံးဖြတ်လာရင်တော့ Shushimarin အနေနဲ့ ယူကရိန်းနိုင်ငံရဲ့ စစ်ပွဲတွင်း ရာဇဝတ်ပြစ်မှု ဥပဒေ စည်းမျဉ်းတွေအရ ထောင်ဒဏ် တသက်တကျွန်းအထိ ချခံရနိုင်ပါတယ်။

တချိန်တည်းမှာတော့ အမေရိကန်ကနေ ယူကရိန်းကို ကူညီပေးဖို့ လွှတ်တော်ကဆုံးဖြတ်လိုက်တဲ့ အမေရိကန် ဒေါ်လာ ဘီလျံ ၄၀ ကို နှောင့်နှေးအောင် အတိုက်အခံ Republican အထက်လွှတ်တော်အမတ်တချို့က လုပ်ဆောင်နေပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် Rand Paul က အမေရိကန်စီးပွားအပျက်ခံပြီး ယူကရိန်းကို မကယ်တင်နိုင်ပါဘူးလို့ ပြောခဲ့အပြီးမှာ အထက်လွှတ်တော်ကနေ ဒီ အကူအညီပေးရေးဥပဒေမူကြမ်း အတည်ပြုဖို့ရှိနေတာကို နောက်တပတ်ရွှေ့ထားရပါတယ် ခင်ဗျာ။

Your browser doesn’t support HTML5

ကန်-အာဆီယံထိပ်သီး ယူကရိန်းအရေးအဓိကပါဝင်

============

[[Unicode]]







============