မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် အထွေထွေ ညီလာခံမှာ သတိပေး 

U.N. Secretary-General Antonio Guterres speaks as U.N. General Assembly appointed him for a second five-year term from January 1, 2022, in New York City, New York, U.S., June 18, 2021. REUTERS/Andrew Kelly

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက စိုးရိမ်စရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲက အထွေထွေ ညီလာခံ အဖွင့်မိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။ 

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် အထွေထွေ ညီလာခံမှာ သတိပေး

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက စိုးရိမ်စရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အကြီးအကဲက အထွေထွေ ညီလာခံ အဖွင့်မိန့်ခွန်းမှာ သတိပေးလိုက်ပါတယ်။

“ မြန်မာနိုင်ငံမှာ စိတ်ပျက်စရာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အခြေအနေတွေဟာ တနေ့တခြား ပိုဆိုးလာနေပါတယ်။” လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်က အင်္ဂါနေ့ အထွေထွေ ညီလာခံဖွင့်ပွဲ မိန့်ခွန်းမှာ အတွင်းရေးမှူးချုပ် Antonio Guterres ပြောဆိုသွားတာပါ။ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာကို ကမ္ဘာ့ခေါင်းဆောင်တွေ ညီညီညွတ်ညွတ် ဖြေရှင်းကြဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ကမ္ဘာတလွှား မကျေနပ်မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ယုံကြည်မှုပျက်ပြားမှု၊ မညီမျှမှုတွေလည်း ကြီးထွားလာနေပြီး ကမ္ဘာကြီးဟာ မီးတောက်နေပါတယ်လို့လည်း သတိပေးခဲ့တာပါ။ ဒီလိုအခြေအနေမှာ မျှော်လင့်ချက်တွေ၊ လက်တွေ့ ဆောင်ရွက်မှုတွေ ပိုမိုလိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်ကြောင့် နောက်ဆက်တွဲ ကမ္ဘာ့ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အရေးတကြီး ဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ ပထမနေ့အဖြစ် မိန့်ခွန်းပြောကြားခဲ့ကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေထဲမှာ တူရကီသမ္မတကတော့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ ထည့်ပြောသွားပါတယ်။

ရိုဟင်ဂျာတွေ ကိုယ့်သဘောဆန္ဒနဲ့အညီ ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အားပေးထောက်ခံကြောင်း တူရကီသမ္မတ Recep Tayyip Erdogan ကပြောဆိုခဲ့ပါတယ်။ ဖင်လန်သမ္မတ Sauli Niinistö ကလည်း လူ့အခွင့်အရေး၊ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ ခြိမ်းခြောက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းက အခြေအနေတွေကို မေ့မထားကြဖို့ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် အထွေထွေ ညီလာခံမှာ သတိပေး

.................................................................


{{Zawgyi/Unicode}}




