[[Zawgyi/Unicode]]
အမေရိကန်ပြည်ထောင်စုမှာ ကျဆုံးစစ်သည် အောက်မေ့ဘွယ်နေ့အဖြစ် နှစ်စဉ် မေလရဲ့ နောက်ဆုံးပတ်တနင်္လာနေ့ကို သတ်မှတ်ထားတာကြောင့် ဒီနှစ်အတွက် ဒီကနေ့ မေလ ၃၀ ရက်နေ့ကို အစိုးရရုံးပိတ်ရက် ကြေညာထားပါတယ်။
ရုံးပိတ်ရက်ဖြစ်သလို ငွေကြေးဈေးကွက်တွေလည်း ပိတ်ထားပါတယ်။ သမ္မတ Joe Biden ကတော့ ဝါရှင်တန်မြို့အနီး အာလင်တန်စစ်သင်္ချိုင်းမှာ ကျဆုံးစစ်သည်တွေအတွက် အမှတ်တရ အခမ်းအနားတွေကို တက်ရောက်ဖို့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် ကိုရိုနာဗိုင်းရပ်ကူးစက်မှုတွေကြောင့် ပိတ်ပင်ခဲ့တဲ့ Memorial Day အောက့်မေ့ဘွယ် ချီတက်ပွဲတွေ လည်း ဝါရှင်တန်မြို့တော် မှာ ပြန်ကျင်းပဖို့ စီစဉ်ထားပါတယ်။
အမေရိကန်နိုင်ငံသားတွေအတွက်တော့ စစ်သင်္ချိုင်းတွေမှာ သွားရောက်ပြီး ကျဆုံးခဲ့သူတွေအတွက် အမှတ်တရ ပန်းစည်းတွေချတဲ့ အောက်မေ့ဘွယ် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ နှစ်စဉ်အစဉ်အလာအတိုင်း ဝါရှင်တန်မြို့တော်မှာ မော်တော်ဆိုင်ကယ်တွေ တန်းစီလှည့်စီးပြီး Rolling to Remember ဆိုတဲ့ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်လည်း ကျင်းပလေ့ရှိပါတယ်။
ဒီနှစ် မော်တော်ဆိုင်ကယ်တွေစီးကြတဲ့ အခမ်းအနားကိုတော့ စစ်ပြန်စစ်မှုထမ်းတွေကြား ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေ တိုးလာတာကို အများအာရုံစိုက်လာအောင် အသိပေးတဲ့ အခမ်းအနားအဖြစ်လည်း ရည်ရွယ်ကျင်းပပါတယ်။
Your browser doesn’t support HTML5
အမေရိကန်မှာ ကျဆုံးစစ်သည်များ အောက်မေ့ဘွယ်နေ့ ကျင်းပ
=============
[[Unicode]]
=============