ဗာဂနာကြေးစားတပ်အကြီးအကဲ သေဆုံးမှု ရုရှားအတည်ပြု

Russia Prigozhin Last Two Months

Wagner ကြေးစားတပ်အကြီးအကဲ Yevgeny Prigozhin ဟာ ပြီးခဲ့တဲ့အပတ်က ရုရှားနိုင်ငံတွင်း လေယာဉ်ပျက်ကျလို့ သေဆုံးသူ ၁၀ ယောက်မှာ ပါဝင်တယ်ဆိုတာ မျိုးဗီဇနဲ့ မှုခင်းပညာစစ်ဆေးချက်တွေအရ သိရကြောင်း ရုရှားစစ်ဆေးရေးသမားတွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ယခင်ထုတ်ပြန်တဲ့ လေယာဉ်ပေါ်လိုက်ပါသူတွေရဲ့ အမည်စာရင်းဟာ တိကျပြီး Prigozhin နဲ့ သူ့ရဲ့ထိပ်တန်းလက်ထောက်နှစ်ဦးဖြစ်ကြတဲ့ Dimitry Utkin နဲ့ Valery Chekalov တို့လည်း သေဆုံးတဲ့အထဲ ပါဝင်တယ်လို့လည်း ရုရှားလေကြောင်းပျံသန်းရေးဌာနက အတည်ပြုပါတယ်။

သူ့အသက်အန္တရာယ်ကို ကြိုတွက်မိပြီး ကြိုတင်လုံခြုံရေးအစီအစဉ် မျိုးစုံလုပ်ထားတဲ့ Prigozhin ဟာ ဒီပျက်ကျတဲ့လေယာဉ်ပေါ်မှာ ပါ-မပါဆိုတာ အထူးသဖြင့် Wagner လိုလားသူတွေကြား မေးခွန်းထုတ်နေခဲ့တာပါ။ မော်စကိုကနေ စိန့်ပီတာစဘတ်ဂ် မြို့ကိုအသွား ဗုဒ္ဂဟူးနေ့က မီးလောင်ပျက်ကျသွားတဲ့ ဒီ ကိုယ်ပိုင်ဂျက်လေယာဉ် ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ အရာရှိတွေက မပြောသေးပါဘူး။

Prigozhin ဟာ ဇွန် ၂၃-၂၄ တုန်းက တပ်တွင်းပုန်ကန်မှုနဲ့ Wagner တပ်ဖွဲ့တွေ ယူကရိန်းကနေ မော်စကိုမြို့တော်ဆီချီတက်ခဲ့တဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ သူ့ကိုသတ်ပစ်ဖို့ ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တယ်ဆိုတာကတော့ လုံးဝလိမ်လည်မှုတရပ်သာဖြစ်တယ်လို့ ရုရှားဘက်က ဆိုပါတယ်။

အနောက်တိုင်းနိုင်ငံရေးသမားတွေနဲ့ သုံးသပ်သူတွေကတော့ "ပုန်ကန်မှုဟာ နောက်ကျောကို ဒါးနဲ့ထိုးတာဖြစ်တယ်" လို့ ခေါ်ဆိုခဲ့တဲ့ပူတင်က Prigozhin ကိုသတ်ဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်လို့ 'အထောက်အထားမပြ" ဘဲ ထင်ကြေးပေး ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗာဂနာကြေးစားတပ်အကြီးအကဲ သေဆုံးမှု ရုရှားအတည်ပြု