၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု ကမ္ဘာ့ဘဏ်လျှော့ချခန့်မှန်း 

IMF World Economy

[[Zawgyi/Unicode]]

ဗဟိုဘဏ်အတိုးနှုန်းတွေ ကြီးမြင့်မှု၊ ရုရှားရဲ့ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှုနဲ့ ကမ္ဘာ့အဓိက စီးပွားရေးမောင်းနှင်အား လျော့ကျမှုတွေရဲ့ဂယက်ကြောင့် နိုင်ငံအများအပြားမှာ စီးပွားကျမယ့်အလားအလာတွေနဲ့အတူ အင်္ဂါနေ့မှာပဲ ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်အတွက် ဖွံ့ဖြိုးမှု ခန့်မှန်းချက်ကို လျှော့ချလိုက်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ အသားတင်ထုတ်လုပ်မှု GDP ဖွံ့ဖြိုးမှု ၁.၇ ရာခိုင်နှုန်းသာ ရှိမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းလိုက်ပြီး ဒီ ပမာဏဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၂၀ စီးပွားကျမှုကအပ ဆယ် စုနှစ်သုံးခုအတွင်း ဖွံ့ဖြိုမှု အနှေးကွေးဆုံးလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ထုတ်တဲ့ စီးပွားရေးအလားအလာ အစီရင်ခံစာမှာတုန်းကတော့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့ဖွံ့ဖြိုးမှု ၃ ရာခိုင်နှုန်းရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုရော နောက် ဥရောပသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးခန့်မှန်းချက်ကို ဝ.၅ ရာခိုင်နှုန်း လျှော့ချလိုက်တာအပါအဝင် စီးပွားရေးအင်အားကြီး နိုင်ငံတွေမှာ သိသိသာသာ နှေးကွေးလာမှုဟာ နောက်ဆုံး စီးပွားကျမှုနဲ့ ကြုံခဲ့ရပြီးနောက် သုံးနှစ်မပြည့်ခင် ကမ္ဘာမှာ နောက်ထပ် စီးပွားကျမှုအသစ်နဲ့ ကြုံရနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။ အထူးသဖြင့် ထွန်းသစ်စ ဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ဖွံ့ဖြိုးရေးခန့်မှန်းချက်က ခက်ခဲတယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။

အကြွေးပိမှု၊ ငွေကြေးနဲ့ ဝင်ငွေအားနည်းမှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု နှေးကွေးတာတွေနဲ့ ရုန်းကန်နေရတဲ့ ဒီနိုင်ငံတွေအတွက် လာမယ့် ၂ နှစ်တာအတွင်း နှစ်စဉ် ဖွံ့ဖြိုးရေးကို ၃.၅ ရာခိုင်နှုန်း ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု ကမ္ဘာ့ဘဏ်လျှော့ချခန့်မှန်း.mp3

================

[[ Unicode]]

၂၀၂၃ ခုနှဈ ကမ်ဘာ့စီးပှားရေး ဖှံ့ဖွိုးမှု ကမ်ဘာ့ဘဏျလြှော့ခခြန့ျမှနျး




