[[Zawgyi/Unicode]]
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးမြို့က တည်းခိုခန်းတခုတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်ဒါဏ်ရာရသူတွေထဲမှာ တရုတ် နိုင်ငံသား ၅ ဦးပါဝင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အင်္ဂါနေ့ သတင်း စာရှင်းလင်းပွဲမှာပြောဆိုလိုက်ပါတယ်။
“အာဖဂန်မှာရှိတဲ့ တရုတ်သံရုံးအနေနဲ့ အာဖဂန်ယာယီအစိုးရနဲ့အတူ အခိုင်အမာရပ်တည်လျှက်ရှိပါတယ်။ ဒါဏ်ရာ ရသူတွေကို အစွမ်းကုန်ကူညီစောင့်ရှောက်ဖို့ကိုလည်း သံရုံးအနေနဲ့တောင်းဆိုထားပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး တိုက်ခိုက်သူတွေကို တရားဥပဒေအရအရေးယူဖို့နဲ့ အာဖဂန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက် တိုးမြှင့် ဆောင်ရွက်ဖို့တောင်းဆိုထားပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Wang Wenbin က သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပါ။
တနင်္လာနေ့က ကာဘူးမှာရှိတဲ့ တည်းခိုခန်းတခုကို အကြမ်းဖက်သမားတွေက ဗုံးတွေ၊ သေနတ်တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၂၀ ကျော်ဒါဏ်ရာရခဲ့တယ်လို့ ကနဦးသတင်းတွေမှာဖေါ်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို အာဖဂန်မှာရှိတဲ့ ISIS-K အစ္စလမ်းမစ်အစွန်းရောက်အဖွဲ့ကသူတို့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းထုတ်ဖေါ် ပြောဆိုခဲ့ပြီး တရုတ်ကွန်မြူနစ်တွေနဲ့တာလီဘန်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လုံခြုံရေးအခြေအနေကြောင့် တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေ အာဖဂန်ကနေအမြန်ဆုံးထွက်ခွါကြဖို့ ထပ်မံ အကြံပြုတိုက်တွန်းပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Wang Wenbin က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
ကာဘူးလ်တည်းခိုခန်းတိုက်ခိုက်မှု တရုတ်နိုင်ငံသား ၅ ဦး ထိခိုက် ဒဏ်ရာရ.mp3
=================
[[Unicode]]