မြောက်ကိုရီးယား ဒရုန်းယာဉ်တွေ တောင်ကိုရီးယားနယ်မြေထဲ ဝင်ရောက်ခဲ့

မြောက်ကိုရီးယားကလို့ယူဆရတဲ့ မောင်းသူမဲ့ဒရုန်းယာဉ်တစင်းကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကြည့်ရှုနေကြစဉ်။ (ဇွန် ၂၁၊ ၂၀၁၇)

[[Zawgyi/Unicode]]

တနင်္လာနေ့က တောင်ကိုရီးယားလေပိုင်နက်ထဲကို သံသယဖြစ်ဖွယ် မြောက်ကိုရီးယားဒရုန်းယာဉ်တွေ ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ တောင်ကိုရီးယားစစ်တပ်ဘက်က သတိပေးပစ်ခတ်မှုတွေနဲ့ အနည်းဆုံး ဒရုန်းတစီးကိုပစ်ချဖို့ ကြိုးစားခဲ့တယ်လို့ပြောပါတယ်။

ဒရုန်းတွေ ၆ နာရီကျော်လောက် ဆက်တိုက်ဝဲပျံနေခဲ့တယ်လို့လည်း တောင်ကိုရီးယားက ပြောပါတယ်။ ပထမဆုံးမောင်းသူမဲ့ဒရုန်းတစင်း ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၅ မိနစ်မှာ Gyeonggi (ချုံဂီး) ပြည်နယ်နယ်စပ် စစ်ရေးအရ ခွဲခြားထားတဲ့ နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ဝင်လာပြီးတော့ နောက်ထပ် ဒရုန်းတွေ ဆက်တိုက်ဝင်လာတယ်လို့ တောင်ကိုရီးယားစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဒရုန်းအစင်းရေကို အတိအကျမပြောနိုင်ပေမဲ့ ၁၀ စင်းမကျော်ဘူးလို့တော့
တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလို ဒရုန်းတွဝင်လာတာကြောင့် အင်ချွန်းလေဆိပ်နဲ့ Gimpo လေဆိပ်တွေမှာ လေယာဉ်ခရီးစဉ်တချို့ကို ခဏရပ်ဆိုင်းထားခဲ့ပါတယ်။ ဒရုန်းတွေမှာ လက်နက်တပ်ဆင်ထားမထား မပြောနိုင်ပေမဲ့ ဒရုန်းတွေက သေးငယ်ပြီး ၂၀၁၄ ခုနှစ် နယ်စပ်တဝိုက်မှာ တွေ့ရတဲ့ မြောက်ကိုရီးယားရဲ့ဒရုန်းတွေနဲ့ တူတယ်လို့ ဆိုပါတယ်။

ဒီလို ဝင်လာတဲ့ဒရုန်းတွေကိုတုံ့ပြန်ဖို့ တောင်ကိုရီးယားလေတပ်က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို စေလွှတ်ခဲ့တာမှာ KA-1 အမျိုးအစား လေယာဉ်တစင်း ဆိုးလ်မြို့ အရှေ့ဘက်မှာ ပျက်ကျခဲ့ပါတယ်။ ဘာကြောင့် ပျက်ကျတယ်ဆိုတာကို‌တော့ တိတိကျကျမသိရပေမဲ့ မောင်းသူရော၊ လေယာဉ်ပါ ထိခိုက်ပျက်စီးတာမရှိဘူးလို့ပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယား ဒရုန်းယာဉ်တွေ တောင်ကိုရီးယားနယ်မြေထဲ ဝင်ရောက်ခဲ့.mp3

================

[[Unicode]]




