[[Zawgyi/Unicode]]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲအမှုတွေထဲက နောက်ထပ်အဂတိမှု ၂ မှုကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ် သွားမယ်လို့ မျှော်လင့်ကြောင်း တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူခဲ့တယ်ဆိုပြီး ပုဒ်မ ၅၅ နဲ့ အမှု ၂ မှုတပ် တရားစွဲဆိုထားပါတယ်။ အမှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးမှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အနေနဲ့ သူ့သဘောဆန္ဒအရ လှူဒါန်းခဲ့တာဖြစ်တာကြောင့် မသက်ဆိုင်ဘဲ ပြစ်မှုကင်းရှင်းကြောင်း ရှေ့နေတွေဘက်က လျှောက်လဲချက်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ရုံးချိန်းမှာ စွပ်စွဲချက်တွေ အကုန်လုံးကို ငြင်းဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပြပါတယ်။ အမှုကို ရုံးတင် စစ်ဆေးတာမှာ အပြင်ကလူတွေ၊ သတင်းဌာနတွေ လာရောက်ခွင့်မရှိသလို ရှေ့နေတွေကိုလည်း အပြင်နဲ့ အမှုအကြောင်း ပြောဆိုခွင့် ပိတ်ပင်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အမှုပေါင်း ၂၀ နီးပါးနဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၃ မှုနဲ့ ထောင်ဒဏ် ၂၃ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်တဲ့အမှု ၂ မှုအပါအဝင် အမှုရင်ဆိုင်နေရဆဲ ၇ မှု ကျန် ရှိနေပါတယ်။
Your browser doesn’t support HTML5
ဒေါ်အောင်ဆန်းစုကြည် အဂတိ ၂ မှု မကြာခင် အပြီးသတ်အမိန့်ချနိုင်.mp3
===============
[[Unicode]]