[[Zawgyi/Unicode]]
ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ ဖာဒီနန်မားကို့စ်ဂျူနီယာ အနိုင်ရသွားတဲ့အပေါ် ဂုဏ်ယူတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောလိုက်ပါတယ်။ သမ္မတဂျိုးဘိုင်းဒန်ဟာ ဖာဒီနန် မားကို့စ်ဂျူနီယာကို ဖုန်းဆက်ပြီး ရွေးကောက်ပွဲအနိုင်ရမှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်က မနေ့က ပြောပါတယ်။ ဖိလစ်ပိုင်ရွေးကောက်ပွဲ ကနဦးမဲရေတွက်မှုအားလုံးနီးပါး ရေတွက်ပြီးသွားချိန်မှာ မားကို့စ် ဂျူနီယာက သူ့ရဲ့အနီးဆုံးပြိုင်ဘက်ထက် မဲရလဒ်အများကြီး သာလွန်နေတာကြောင့် ဒီရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
ကိုဗစ် ၁၉ တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာ၊ လူ့အခွင့်အရေးလေးစားလိုက်နာဖို့အပါအဝင် ကျယ်ပြန်တဲ့ကိစ္စရပ်တွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုတွေကို ချဲ့ထွင်သွားဖို့လုပ်နေချိန်မှာပဲ အမေရိကန်နဲ့ ဖိလစ်ပိုင် မဟာမိတ်ဆက်ဆံရေး ဆက်လက်အားကောင်းလာစေဖို့အတွက် သူ့အနေနဲ့ ရွေးကောက်ခံသမ္မတနဲ့ အလုပ်အတူတွဲလုပ်သွားဖို့ စောင့်မျှော်နေတယ်လို့ သမ္မတဂျိုးဘိုင်ဒန်က အလေးပေးပြောကြားခဲ့ကြောင်း၊ အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။
ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့အဖေ ဖာဒီနန်မားကို့စ်ဟာ ဖိလစ်ပိုင်နိုင်ငံကို ၁၉၆၅ ကနေ ၁၉၈၆ အထိ အုပ်ချုပ်ခဲ့ပြီး ဆယ်စုနှစ်တခုလောက်နီးနီးကိုတော့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၁၉၈၆ လူထုအာဏာတော်လှန်းရေးအတွင်း သူဟာ ရာထူးကနေ ပြုတ်ကျပြီး ဖိလစ်ပိုင်နိုင်ငံကနေ ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။
Your browser doesn’t support HTML5
ကန်သမ္မတ ဖိလစ်ပိုင်ရွေးချယ်ခံသမ္မတကို ဂုဏ်ပြုနှုတ်ဆက်
=============
[[Unicode]]
ကနျသမ်မတ ဖိလဈပိုငျရှေးခယြျခံသမ်မတကို ဂုဏျပွုနှုတျဆကျ
=============