မလေးရှားကလွဲလို့ တခြားအာဆီယံနိုင်ငံတွေကို စစ်ကောင်စီ ပြည်ဝင်ခွင့် ကင်းလွတ်ခွင့်ပေး 

Myanmar Daily Life

[[Zawgyi/Unicode]]

မြန်မာနိုင်ငံအနေနဲ့ ကိုဗစ် 19 ကာလအလွန် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးနေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံအကြား သဘောတူညီချက်အရ သံတမန်၊ အထူးနဲ့ သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူတွေကို မနက်ဖြန် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကင်းလွတ်ခွင့် ပြန်ပေးမှာ ဖြစ်တဲ့အကြောင်း စစ်ကောင်စီ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

Facebook ကတဆင့်ထုတ်ပြန်တဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ မလေးရှားနိုင်ငံကလွဲလို့ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးကို ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအပေါ် မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား အပြန်အလှန် ဝေဖန်မှုတွေပေါ်ပေါက်နေချိန်နဲ့ မလေးရှားနိုင်ငံကို ချန်ထားတဲ့အချိန် တိုက်ဆိုင်နေပါတယ်။

မြန်မာနဲ့ မလေးရှားနိုင်ငံကြားမှာ ပြည်ဝင်ခွင့် ကင်းလွတ်ခွင့်နဲ့ ပတ်သက်လို့ ဘယ်လို သီးခြား သဘောတူညီချက်တွေ ရှိမရှိ တိတိကျကျ ဖေါ်ပြမထားသလို အခုလို ချန်လှပ်ထားတာဟာ နိုင်ငံရေးအရ တမင်ချန်ခဲ့တာ ဟုတ်မဟုတ်တော့ အတိအကျ မသိရသေးပါဘူး။ တခြား အာဆီယံ နိုင်ငံတွေထဲက လာရောက်မယ့် ခရီးသည်တွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လိုက်နာဆောင်ရွက်သွားမယ့်အကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

မလေးရှားကလွဲလို့ တခြားအာဆီယံနိုင်ငံတွေကို စစ်ကောင်စီ ပြည်ဝင်ခွင့် ကင်းလွတ်ခွင့်ပေး.mp3

=================

[[Unicode]]



