ကန်လွှတ်တော်ရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲ

An election worker seals a box of tabulated ballots inside the Maricopa County Recorders Office, in Phoenix, Arizona, Nov. 9, 2022, amid U.S. midterm elections.

[[Zawgyi/Unicode]]

နိုဝင်ဘာ ၈ ရက်၊ အင်္ဂါနေ့မှာကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ မဲရလဒ်တွေ ရေတွက်နေဆဲဖြစ်တာမို့ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ရလဒ်အပြည့်အစုံ ထွက်မလာသေးပါဘူး။ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်အမတ်နေရာတချို့အတွက် စာတိုက်ကပို့ကြတဲ့ ကြိုတင်မဲတွေကို ဆက်လက်ရေတွက်နေရတာဖြစ်ပါတယ်။

သမ္မတ Joe Biden ကတော့ ကြာသပတေးနေ့ထွက်လာတဲ့ ရလဒ်တွေအရ ဒီမိုကရေစီအတွက် အားရစရာနေ့တနေ့ဖြစ်တယ်လို့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒီမိုကရေစီအတွက် ကောင်းမွန်တဲ့နေ့တနေ့ပါ။ ဒါဟာ အမေရိကန်နိုင်ငံအတွက် ကောင်းမွန်တဲ့နေ့လည်း ဖြစ်ပါတယ်။ အခုနှစ်ပိုင်းတွေအတွင်း အမေရိကန် ဒီမိုကရေစီစနစ်ခိုင်မာမှုအပေါ် စမ်းသပ်ခံခဲ့ရပေမဲ့ ကျနော်တို့ဟာ ဒီမိုကရေစီစနစ်အပေါ် ယုံကြည်သက်ဝင်နေဆဲဆိုတာ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်” - လို့ သမ္မတ Biden က ပြောကြားသွားတာပါ။

သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေ အပြတ် အသတ် အနိုင်ရလိမ့်မယ်လို့ အများစုကခန့်မှန်းထားကြပေမယ့် ထင်သလောက် အနိုင်မရခဲ့ပါဘူး။ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးလို့ တလျှောက်လုံး ပြောဆိုနေတဲ့ သမ္မတဟောင်း Donald Trump ရဲ့ အယူအဆကို လက်ခံယုံကြည်ပြီး သူက အပြည့်အဝထောက်ခံ၊ မဲဆွယ် စည်းရုံးပေးထားတဲ့ ကိုယ်စားလှယ်လောင်း အတော်များများ ရွေးကောက် တင်မြှောက်မခံရခဲ့တဲ့အတွက် ဒီမိုကရေစီရဲ့အောင်ပွဲအဖြစ် သမ္မတ Biden က ရည်ညွန်း ပြောဆိုခဲ့တာပါ။

တချို့နေရာတွေမှာ မဲရေတွက်မပြီးသေးတာတွေရှိနေသလို Georgia ပြည်နယ်က အထက်လွှတ်တော် ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးက သတ်မှတ်ထားတဲ့ မဲအရေတွက် ၅၀% ပြည့်မှီအောင် မရခဲ့တဲ့အတွက် တကျော့ပြန် ရွေးကောက်ပွဲ ပြန်လည် ကျင်းပကြမှာဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက လက်ရှိ အထက်လွှတ်တော်အမတ် Raphael Warnock နဲ့ ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း Herschel Walker တို့အတွက် ဒုတိယအကျော့ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
#အမေရိကန်လွှတ်တော်ရွေးကောက်ပွဲ #ဒီမိုကရက်တစ်ပါတီ #ရီပတ်ဘလီကန်ပါတီ #ဂျိုးဘိုင်ဒန်

Your browser doesn’t support HTML5

ကန်သက်တမ်းဝက်ရွေးကောက်ပွဲ အပြတ်အသတ်အဖြေမထွက်သေး

==============

[[Unicode]]








Your browser doesn’t support HTML5

ကန်လွှတ်တော်ရွေးကောက်ပွဲ မဲတွေ ရေတွက်နေဆဲ.mp3

==============