ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့ ကချင်နဲ့ ရခိုင်ဒေသက ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။
ကုလသမဂ္ဂညီလာခံက ရခိုင်အရေးဆုံးဖြတ်ချက်ကို မြန်မာကိုယ်စားလှယ်က ပယ်ချခဲ့ပြီး ဒါဟာ ဘာသာရေးဖိနှိပ်မှုကြောင့် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဆုံမှုတွေက ဒေါ်စုနဲ့ တိုင်းရင်းသားတွေအကြား နွေးထွေးမှုကို ရရှိစေပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာလည်း ယုံကြည်မှု ပို တိုးလာစေတယ်လို့လည်း ဒေါက်တာ အေးမောင် က ပြောပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုဝင်ဘာ ၁၉ ရက်က လွတ်လာသူတွေထဲမှာ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူတချို့ပါဝင်ခဲ့တဲ့အပေါ် အာရှ လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် တိုးတက်ကောင်းမွန်အောင် အိန္ဒိယက အကူအညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
မိန်းကလေးငယ်တွေ ပညာသင်ခွင့်ရရေး ထုတ်ဖော် ပြောဆိုခဲ့တဲ့ မာလာလာကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက်ကို မာလာလာ နေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်တဲ့ အနေနဲ့ နော်ဝေနဲ့ ဒိန်းမတ်နိုင်ငံတွေက သံတမန် ဆက်ဆံရေးရုံးတရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ပြင်ဆင်ချက်တွေနဲ့ ပြန်လည်တင်သွင်းလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေကြာင့် ဒုက္ခသည်စခန်း ရှိရာကို နောက်ထပ် လူတွေ အများအပြား ထွက်ပြေး တိန်းရှောင်လာနေတုန်းပဲလို့ ကုလသမဂ္ဂက ဆိုပါတယ်။
အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နောက်ကွယ် က ကြိုးကိုင် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ နိုင်ငံတော်သမ္မတရုံး က ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေး ဆက်နွယ်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် အရာရှိတဦးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ HIV ရောဂါ ဝေဒနာ ခံစားနေရတဲ့သူ ခန့်မှန်းချေ ၂ သိန်း ၄ သောင်းလောက် ရှိပြီး တဝက်လောက်ဟာ ဆေးဝါးကုမှု မရကြပါဘူး။
အမေရိကန်နဲ့မြန်မာ ပထမဆုံးအကြိမ် လူ့အခွင့်အရေး အချေအတင်ဆွေးနွေးမှုတွေမှာ သမ္မတအိမ်ဖြူတော်နဲ့အမျိုးသား လုံခြုံရေးဌာန အရာရှိတွေလည်း ပါဝင်ပါတယ်။
ကျနော်တို့ နိုင်ငံတွင်းမှာ ရှိနေကြတဲ့ ဘာသာတခုနဲ့တခု လူမျိုးတခုနဲ့တခု အေးချမ်းစွာနေနေတဲ့အခြေအနေ ပျက်ယွင်းမယ်ဆိုရင်တော့ ကျနော်တို့က ဒါမျိုးတော့ မလိုလားပါဘူးလို့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်က ဦးဝဏ္ဏရွှေကပြောပါတယ်။
လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ငွေ ပြန်ချေးနိုင်ဖို့ ဂျပန်နိုင်ငံက ပြင်ဆင်နေတဲ့ အကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Koriki Jojima က ပြောပါတယ်။
ပြည်သူလူထု လိုလားရင် သူ့အနေနဲ့ သမ္မတ တာဝန်ကိုလည်း ယူနိုင်တယ် လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့ သီးသန့် တွေ့ဆုံခဲ့ကြပါတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲလာနေတဲ့ မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေးသွားဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ Atlantic Council အဖွဲ့က ပေးအပ်တဲ့ ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို မနေ့က လက်ခံရယူခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်