အမေရိကန် တက္ကဆက်ပြည်နယ်မှာ ရှေးအကျဆုံးအိမ်ကြီးတစ်လုံးကို မြေကြီးကနေ ဖြတ်ထုတ်ပြီး အလုံးလိုက်ရွှေ့ပြောင်းခဲ့ပါတယ်။ လန်ဒန်မြို့က Trafalgar ရင်ပြင်မှာ စကားပြောတတ်တဲ့ ခြင်္သ့ကြီးတစ်ကောင်ရောက်နေပါတယ်။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအိသန့်စင်တို့က တင်ဆက်ထားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးမှာပိုပြီး ပါဝင်ပတ်သက်လာတဲ့တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာစစ်ပွဲတွေတိုက်နေတာ မမြင်ချင်သလိုလုံးဝ ငြိမ်းချမ်းသွားတာမျိုးကိုလည်း မြင်ချင်တာမဟုတ်ဘူးလို့အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု့ (USIP)ကထုတ်တဲ့သုတေသနအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ကိုယ်တိုင် သတင်းသွားယူတဲ့ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မြန်မာ့ငြိမ်းချမ်းရေးမှာ ပိုပြီး ပါဝင်ပတ်သက်လာတဲ့ တရုတ် အနေနဲ့ မြန်မာ နိုင်ငံမှာ စစ်ပွဲတွေ တိုက်နေတာ မမြင်ချင်သလို၊ လုံးဝ ငြိမ်းချမ်းသွားတာမျိုး ကိုလည်း မြင်ချင်တာမဟုတ်ဘူးလို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု့ (USIP)က ထုတ်တဲ့ သုတေသနအစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ခုန်နေတဲ့နှလုံးသားတစုံ ရင်ဘက်အပြင်မှာ ရှိလျက်အနေအထားနဲ့ ကလေးလေးတစ်ယောက် လပေါင်းများစွာ ခွဲစိတ်ကုသမှုခံယူပြီး နေအိမ်ကို ပြန်ရောက်ပါပြီ။ ဗြိတိန်နိုင်ငံမှာတော့ လာမယ့်လေးနှစ်အတွင်း မိုးပျံတက္ကစီဝန်ဆောင်မှု ပေးနိုင်တော့ပါမယ်တဲ့။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မအိသန့်စင်က ပြောပြပေးပါမယ်။
အမေရိကန်နိုင်ငံကို ၂၀၁၇ ခုနှစ်မှာ တရားမဝင်ရောက်လာပြီး နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁ သိန်း ၂ သောင်းကျော်ထဲမှာ ၇ ထောင်နီးပါးလောက်ပဲ ခိုလှုံခွင့်ရခဲ့ပါတယ်။ အဲ့ဒီထဲမှာ မက်ဆီကို က ရောက်လာတဲ့ အသက် ၆၄ နှစ်အရွယ် Sergio က ကံကောင်းသူ တစ်ယောက် အကြောင်း ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်နိုင်ငံ Los Angeles မြို့၊ Las Vegas နဲ့ အနီးပတ်ဝန်းကျင်က လယ်ဧကပေါင်းများစွာကို ရေပေးနေတဲ့ ဆည်ကြီး ဟာ နှစ် ၂၀ နီးပါး မိုးခေါင်မှုကြောင့် ရေခန်းစပြုနေပါပြီ။ Lake Mead လို့ ခေါ်တဲ့ ဒီဆည်ကြီးဟာ ခြောက်သွေ့တဲ့ အမေရိကန် အနောက်တောင်ပိုင်း အတွက် အသက်သွေးကြောဆည်ကြီး အကြောင်း ကိုငြိမ်းချမ်းကတင်ပြမှာပါ။
အာဖဂန်နစ္စတန်မှာ ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အမေရိကန် နိုင်ငံသားတွေကို နိုင်ငံတကာ ပြစ်မှုခုံရုံး ICC က အရေးယူမယ့် အပေါ် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ICC ကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာတော့ မြွေတွေ၊ ပုတ်သင်ညိုတွေနဲ့ အတူ ကော်ဖီ သောက်ပြီး selfie ဆွဲနိုင်ပါပြီ။ အရှေ့ဥရောပ ဆာဘီးယား နိုင်ငံမှာတော့ နိုင်ငံတကာဟင်းလျာပြိုင်ပွဲမှာ ဝှေးစေ့ ထည့်ချက်ရမယ်လို့ သတ်မှတ်ထားတာပါ။ ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။
ကမာကောင် အခွံ ပြန်လည်အသုံးချရေး အစီအစဉ် အရ စားသောက်ဆိုင်တွေက စွန့်ပစ်လိုက်တဲ့ ကမာခွံတွေကို ပြန်လည်သန့်စင်ပြီး ပင်လယ်ထဲ ပြန်ထည့်ပေးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့ ကမာခွံပြန်လည်အသုံးချရေး အစီအစဉ်အကြောင်း Faiza Elmasry သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း က တင်ပြမှာပါ။
စပိန်နိုင်ငံအရှေ့ပိုင်းမှာ တန်ချိန် ၁၆၀ ရှိတဲ့ ခရမ်းချဉ်သီးတွေနဲ့ အပြန်အလှန်ပစ်ပေါက်တဲ့ ပွဲတော်ကျင်းပ၊ တရုတ်နိုင်ငံမှာတော့ မူလတန်းကျောင်းပေါင်း ၆၀၀ ကျော်မှာ စက်ရုပ်ပု ကျောင်းဆရာလေးတွေနဲ့ စာသင်ပေးနေပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ ပြောပြပေးထားပါတယ်။
အသက် ၉၀ ကျော် ထိုင်ဝမ်အဖွားအိုတဦး လေသူရဲရဲ့ကျောမှာ လိုက်ပြီး ကောင်းကင်ကနေ လေထီးနဲ့ မြေပြင်ပေါ် ဆင်းသက်ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာတော့ ဆိတ်တွေရဲ့ အလှဘုရင်မ ပြိုင်ပွဲကို ကျင်းပခဲ့တာပါ။ ဒီလို ကမ္ဘာတလွှားကထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
ဒုတိယကမ္ဘာ့စစ်မှာ ပါဝင် တိုက်ခိုက်ခဲ့ပြီး အခုအခါကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗိုလ် Garlin “Murl” Conner ကို အမေရိကန် စစ်တပ်ရဲ့ အမြင့်ဆုံး ရဲစွမ်းသတ္တိဆိုင်ရာ ဆုတံဆိပ် Medal of Honor သမ္မတ ဒေါ်နယ်ထရမ့်က ချီးမြှင့်လိုက်ပြီး ဇနီးဖြစ်သူ Pauline Conner က သူ့အစား တက်ရောက်ရယူခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
2001: A Space Odyssey ရုပ်ရှင်ကို စာရေးဆရာ Arthur C. Clarke နဲ့ ရုပ်ရှင်ဒါရိုက်တာ Stanley Kubrick တို့ ပူးပေါင်း ရိုက်ကူးခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ရုံတင်ပြသခဲ့တာမှာ တုံ့ပြန်မှု မျိုးစုံ ရခဲ့ပါတယ်။ အနှစ် ၅၀ ကြာပြီးတဲ့အချိန်မှာ ထိပ်တန်းရုပ်ရှင်ဘယ်လိုဖြစ်လာတာလဲဆိုတာ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အာဖရိကတိုက်အရှေ့တောင်ဘက်မှာ ရှိတဲ့ မာဒါကာစကား ကျွန်းဟာ ကမ္ဘာပေါ်သုံးစွဲတဲ့ သဘာဝ ဗနီလာ တဝက်လောက်ကို ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ ဒီနှစ် ဗနီလာ ခူးတဲ့ ရာသီမှာ ခိုးယူခံရတာတွေနဲ့ လူသတ်မှုတွေလည်း များလာပါတယ်။
ဂင်းနစ်ကမ္ဘာ့စံချိန်တင်တဲ့ ၁၇ မိုင်အရှည် တစ်ချောင်းထိုး သိုးမွှေးလည်စီး ပုဝါက ၁၇ မိုင်လောက်ကို ရှည်တာပါ။ ဓာတ်ဆီမကုန်အောင်လို့ လေစွမ်းအင်သုံး မော်တော်ကားကို အီဂျစ်စက်မှုတက္ကသိလ်ကျောင်းသား ၉ ယောက် စုပေါင်းတီထွင်၊ ဒီလို ကမ္ဘာတလွှားကထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
တောက်ပပြီး အတွေးခေါ်ပါတဲ့ ရဲရဲရင့်ရင့် အနုပညာတွေကို Mike Van Hall က ဖန်တီးခဲ့ပြီး သူ့ အနုပညာတွေဟာ မျှော်လင့်ထားတဲ့ ပုံမဟုတ်ပေမဲ့လည်း အလွယ်တကူ သိစေနိုင်တယ်လို့ ပြောပါတယ်။ ဘီယာဗူးတွေ ပေါ် မှာ အနုပညာ ဖန်တီးတဲ့ အနုပညာရှင်အကြောင်း Anna Rice က သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
သိုးမွှေးစတွေ ပိတ်စတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ၊ စားစရာတွေ အများကြီးဖန်တီးပြီး ပြထားတဲ့ စူပါမားကတ်၊ ဆာဘီးယားနိုင်ငံ က မိတ်ကပ်အနုပညာရှင် တစ်ယောက်ကတော့ သူ့ရဲ့ မိတ်ကပ်အစွမ်းနဲ့ ကိုယ်ပျောက်သွားတဲ့ ပုံစံမျိုး ချယ်ပြ၊ ဒီလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
နူးကလီယား လက်နက် မပြန့်ပွားစေရေး အတွက် စစ်အေးခေတ်တုန်းက ရှိခဲ့တဲ့ အမေရိကန် နဲ့ ရုရှားအကြား ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်နေပြီ လို့ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာက တိုက်တွန်းလိုက်ပါတယ်။ Henry Ridgwell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ပါကစ္စတန်မှာ ရွေးကောက်ပွဲယှဉ်ပြိုင်သူတဦးက အမှိုက်ကြောင့်ပတ်ဝန်းကျင်ညစ်နွမ်းမှုဖြစ်နေတာကို မီးမောင်းထိုးပြတဲ့အနေနဲ့ အမှိုက်ပုံအလယ်ကနေ မဲဆွယ်ခဲ့ပါတယ်။ ပြင်သစ်ရွာလေးတရွာမှာတော့ စွန့်ပစ်ပစ္စည်းသုံးပန်းခြံတခု ဖန်တီးထားပါတယ်။ ဒီလို ထူးခြားဆန်းပြား သတင်းတွေကို ကိုငြိမ်းချမ်း နဲ့ မအိသန့်စင်တို့ ပြောပြပေးပါမယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ ကချင်တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှုကို ပြသတဲ့ အခမ်းအနားတရပ် ဇူလိုင်လ ၂၄ ရက်နေ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အနီးမှာ ကျင်းပခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်