နိုဝင်ဘာ ၉၊ ၂၀၁၇ - အိန္ဒိယရဲ့ အရှေ့ဘက် စီးပွားရေးစင်္ကြန်ဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်ဒေသ ဖွံ့ဖြိုးရေးအခြေအနေကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ သုံးသပ်တင်ပြထားပါတယ်။
ရိုမန်ကက်သလစ် ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ခရစ်ယာန်ဘာသာဝင်တွေက ကြိုဆိုကြပြီး မြန်မာ့ငြိမ်းချမ်းရေးဖစ်စဉ်နဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက ကောင်းကျိုးတွေ ဆောင်ကျဉ်းပေး နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးညှိနှိုင်းမှုအဖွဲ့ DPN နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC တို့ကြား (၈)ကြိမ်မြောက် ဒီကနေ့ဆွေးနွေးပွဲမှာ အချက်တချို့သာ သဘောတူညီနိုင်ခဲ့ပြီး ၊ ဆက်လက်ညှိနှိုင်းရမယ့် အချက်တွေ ကျန်နေသေး တာကြောင့် UNFC အဖွဲ့ဝင်တွေ NCA စာချုပ်မှာ လက်မှတ်ထိုးရေး ကိစ္စဟာ မရေမရာဖြစ်နေပါတယ်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ အောက်တိုဘာ(၈)ရက် ဒီကနေ့ တွေ့ဆုံ ပွဲမှာ NCA အပစ်ရပ်စာချုပ်ကို UNFC ကလက်မှတ် ထိုးနိုင်ခြေရှိတယ်လို့ အစိုးရဘက်က အကောင်းမြင် မျှော်လင့်နေပေမယ့်၊ UNFC ကတော့ စိန်ခေါ်မှုတွေ ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။
အခုလက်ရှိ အစိုးရ ကြုံတွေ့ဖြေရှင်းနေရတဲ့ ဘာသာရေးအစွန်းရောက်မှုတွေကလည်း အရင် အစိုးရလက်ထက်တွေကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ စာရေးဆရာ ထင်လင်းဦးက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က VOA Washington Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
ရေနံ သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့ စီးပွားရေး အထူးဇုံတွေရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က မြစ်နားတန်း ရပ်ကွက်ကို ညဉ့်နက် သန်းကောင်အချိန်မှာ မီး စတင်လောင်ကျွမ်းရာက မနက် (၄)နာရီဝန်းကျင်လောက်မှာ အနည်းဆုံး အိမ်ခြေ ၃၀ လောက် လောင်ကျွမ်းထားပြီး ၊ ဆုံးရှုံးမှုပမာဏ ကြီးနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီနေရာဟာ ငါးမွေးကန်တွေရှိတဲ့နေရာလို့ ဆိုပါတယ်။ အပြည့်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ဖို့မှာ တပ်မတော်ကြောင့် နှောင့်နှေးနေရတယ်၊ အခုကြုံနေရတဲ့ ဘာသာရေးအစွန်းရောက်မှုတွေကလည်း အရင်အစိုးရလက်ထက်တွေကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ ကိစ္စရပ်ဖြစ်တယ်လို့ စာရေးဆရာ ထင်လင်းဦးက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဟိန္ဒူဘာသာဝင်တွေဟာ နောက်တကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှာ စိုးတဲ့အတွက် မိမိတို့ကျေးရွာတွေမှာ ပြန်ပြီး မနေလိုကြဘူးလို့ ပြောပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံထဲက ဗုဒ္ဓဘာသာဝင် အများစုရှိရာ လုံခြုံစိတ်ချရတဲ့ မြို့တွေမှာ ဒါမှမဟုတ် သူတို့နဲ့ မျိုးနွယ်တူ အိန္ဒိယနိုင်ငံမှာ ပြောင်းရွှေ့အခြေချလိုတဲ့ ဆန္ဒရှိကြောင်းပြောပါတယ်
နိုဝင်ဘာ ၂၊ ၂၀၁၇ - တရုတ်၊ မြန်မာ၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို ဆက်သွယ်မယ့် စီးပွားရေးစင်္ကြန်မှာ ရခိုင်ပြည်နယ်ပြဿနာ ဝင်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ အရေးပါမှုဟာ လျော့နည်းသွားပုံရကြောင်း ဦးအောင်ခင်က ဝေဖန်သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့်ဆိုပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာတွေ ဆက်လက် ထွက်ပြေးနေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာ ၂ လကျော်ကြာလာပေမဲ့လည်း ဆက်လက် ထွက်ပြေးသူတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ဒေသခံတွေနဲ့ အာဏာပိုင်တချို့ကလည်း ပြောဆိုနေကြတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူစလင် ဒုက္ခသည်တွေ့ရဲ့ အကျပ်အတည်းဟာ သိပ်ကို ကြီးမားလွန်းတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောဆိုလိုက်ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြပေးပါမယ်။
အောက်တိုဘာ ၂၆၊ ၂၀၁၇ - ရခိုင်ပြည်နယ်ဟာ ကမ္ဘာက စိတ်ဝင်စားတဲ့နေရာတခု ဖြစ်လာပါတယ်။ အဆင်းရဲဆုံးဒေသမှာ ပဋိပက္ခ ပြင်းထန်တာမို့ ပြဿနာဖြေရှင်းနိုင်ဖို့ ကိုသာ အဓိကထားကြပါတယ်။ ဒါပေမဲ့ တိုးတက်ဖွံ့ဖြိုးဖို့အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပ
ရခိုင်အရေးနဲ့ပတ်သက်ပြီး NLD ပါတီဦးဆောင်တဲ့ အစိုးရ လုပ်ဆောင်ချက်တွေကို ထောက်ခံ တဲ့ ဆန္ဒပြပွဲတခုကို အာရီဇိုးနားပြည်နယ်က မြန်မာတွေ စနေနေ့က လုပ်ခဲ့ကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာက လူ ၅ ဦးသေဆုံးခဲ့တဲ့အထိ လုံခြုံရေးတပ်ဖွဲ့က နှိမ်နင်းခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
အောက်တိုဘာ ၁၉၊ ၂၀၁၇ - ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရက ကြိုးပမ်းနေစဉ်မှာ အကြမ်းဖက်မှု အန္တရာယ် ကြုံတွေ့နေပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည်အရေးကို သတင်းသွားယူရာက ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ ဖမ်းဆီးပြီး တရားစွဲခံရတဲ့ မြန်မာ သတင်းထောက် (၂)ဦးရဲ့အမှုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဒီကနေ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ နှစ်နိုင်ငံနယ်စပ်အရေး တင်းမာမှု အရှိန်မြင့်နေချိန်မှာ ဓါတ်ပုံသတင်းထောက် (၂)ဦးကို ပြန်လွှတ်ပေးတဲ့အပေါ် မြန်မာသတင်းသမား တွေကလည်း ကြိုဆိုလိုက်ကြ ပါတယ်။
အောက်တိုဘာ ၁၂၊ ၂၀၁၇ - ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောမြို့နယ်က ဘင်္ဂလီတွေထဲမှာ အစ္စလာမ်ပြည်နယ် တည်ထောင်ချင်သူတွေ ရှိပါတယ်။ ဖြစ်နိုင်ရင် ဘင်္ဂလားဒေ့ရှ် လက်အောက်ခံအဖြစ် နေထိုင်လိုသူတွေလည်းရှိကြောင်း ဦးအောင်ခင်က နောက်ကြောင်းပြန် သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တောမီး လောင်ကျွမ်းနေတဲ့ အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယား ပြည်နယ်မှာ အခုချိန်ထိသေဆုံးသူ အနည်းဆုံး (၂၁)ဦးရှိနေပြီး၊ အဲဒီဒေသတဝိုက် လောင်စာ Gas နဲ့ လျှပ်စစ်မီး ဖြတ်တောက်ထားသလို မီးစွယ် မကျိုးသေးတာကြောင့် ဒေသခံမြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေလဲ စိုးရိမ်စိတ်နဲ့နေနေ ကြရတယ်လို့ VOA ကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
အောက်တိုဘာ ၀၅၊ ၂၀၁၇ - ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်ပြဿနာဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဖြေရှင်းရမယ့် နှစ်နိုင်ငံကိစ္စဖြစ်ပေမယ့် နှစ်ပေါင်းများစွာ သက်ဆိုးရှည်လာ တဲ့အတွက် ဒေသဆိုင်ရာပြဿနာဖြစ်လာပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုခံရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို လာရောက်လေ့လာ ကြတဲ့ သံတမန်တွေအနေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးနေသလိုမဟုတ်ပဲ ပကတိ အခြေအနေမှန်ကို ကိုယ်တိုင်တွေ့ရှိ နားလည်သွားကြ လိမ့်မယ်လို့ မျှော်လ့င်မိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက VOA ကိုပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်