ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှု ရှိရေးနဲ့ တည်ငြိမ် လုံခြုံရေးကို ဦးစားပေး လုပ်ဆောင်ဖို့လိုကြောင်း ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေ က မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကို ရှင်းပြတိုက်တွန်းခဲ့ကြပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရသစ်တက်လာတာ ရက်ပေါင်း (၁၀၀) ရှိလာချိန်မှာပဲ၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် အားရသူ၊ အားမရသူတွေနဲ့ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွက်ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier 3 အနိမ့်ဆုံး စာရင်းထဲ ထည့်သွင်းခဲ့တာဟာ အရင်က အချက်အလက်ဟောင်းတွေအပေါ် အခြေခံခဲ့ တာသာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန်လိုက်ပါတယ်။
"ငြိမ်းချမ်းရေး အရိပ်အယောင်ကတော့ ကောင်းလာတဲ့ အခြေအနေ မရှိသေးပါဘူး။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အစိုးရရဲ့ မူဝါဒဆိုတာထက် ကျနော်တို့ မြန်မာ့တပ်မတော်ကြီးရဲ့ သဘောထား မပြောင်းလဲတဲ့အပေါ်မှာ ဖြစ်နေတယ်"
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာခင်ထုတ်ပြန်ဖို့ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ ကို အောက်ဆုံးအဆင့် အုပ်စုစာရင်းထဲထည့်သွင်းဖေါ်ပြ မှာနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက တုန့်ပြန်လိုက် ပါတယ်။
"ဒီထိုင်းနိုင်ငံကို လာတယ် ဆိုတာ အဓိကအားဖြင့်တော့ နိုင်ငံနှစ်နိုင်ငံကြား ထဲမှာ နားလည်မှု ပိုပြီးတော့ ရှိဖို့ ချစ်ကြည်မှု ပိုပြီးတော့ တိုးတက်ဖို့ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ အဓိက ကတော့ နိုင်ငံသူနိုင်ငံသားတွေကြား ထဲမှာ နားလည်မှုရှိရမယ်။ ချစ်ကြည်မှု ရှိရမယ်။ အစိုးရတွေကြားထဲမှာ လည်း နားလည်မှုရှိရမယ်။ ချစ်ကြည်မှုရှိရမယ်။"
လူငယ်တွေကို ရှေ့တန်းတင်ဖို့ လိုအပ်တဲ့ လေ့ကျင့်မှုတွေက စလုပ်နေတာ ဖြစ်တော့ရယ်။ ဒီ အဖွဲ့ချုပ်နဲ့ ပက်သက်တဲ့ ကိစ္စမှာ သဘောပေါက် နားလည်ပြီး ပိုမိုပြီး လှုပ်ရှားဆောင်ရွက်နိုင် အောင် တိုးတက်မှု အလို့ငှာ လုပ်တဲ့ သဘောပါပဲ
“ဒီဟာ တကယ်ဖြစ်ခဲ့တယ်ဆိုရင် အားလုံးသိပြီးတော့ အပြန်အလှန် အကြောင်းပြ ငြင်းဆိုမှုတွေ ထွက်လာတယ်ဆိုရင် အားလုံးကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ လုပ်နိုင်တာပေါ့။ ဒီကိစ္စကြောင့် လက်ရှိတပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညှိးနွမ်းတယ်ဆိုရင်တော့ မဟုတ်ဘူးပေါ့။”
ရာသီဥတုဆိုးရွားမှုကြောင့် ပဲခူးတိုင်း ဒိုက်ဦးမြို့နားမှာ တပ်မတော် ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး အရာရှိနဲ့ စစ်သည်တချို့ သေဆုံးသွားခဲ့ ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ဇွန် ၁၂၊ ၂၀၁၆ - လူငယ်ခေါင်းဆောင်မှုသင်တန်းကို တက်ရောက်လာတဲ့ မခင်ရွှေဇင်ဦး နဲ့ မစူဇမ်ဝင်းလတ် တို့ကို ကိုဉာဏ်ဝင်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။
NLD အစိုးရသစ်လက်ထက် ဝန်ကြီးဌာနတိုင်းမှာ ပြောခွင့်ရပုဂ္ဂိုလ် Spokesperson တွေခန့်ထားပြီး ပြည်သူတွေသိခွင့်ရှိတဲ့ သတင်း အချက်အလက်တိုင်းကို သတင်းဌာနတွေကတဆင့် အသိပေးသွားဖို့ အစိုးရကတော့ ကြိုးစား နေပါတယ်။
"နိုင်ငံသားစိစစ်ခံရမယ့်သူ၏ သက်သေခံကဒ်ပြားလို့ ခေါ်တယ်ဗျ။ အစိမ်းရောင်ကဒ်ပြားဆိုတာကို ထုတ်ပေးတယ်။ အဲဒီမှာ လူမျိုးနဲ့ဘာသာ မပါဘူးဗျ။ ကျန်တဲ့ ကိုယ်ရေးအချက်အလက်တွေ ပါတယ်။"
"သူ့ရဲ့ကြိုးစားမှု အဲလိုမျိုးတွေကို ကျနော်က အတုယူတယ်။ အားကစားသမားထဲမှာ သူ့ကို အမြင့်ဆုံးမှာ ကျနော်ထားထားတယ်လေ။ သူ ဆုံးသွားတော့ ကျနော် အရမ်း စိတ်မကောင်းဘူး။"
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့နဲ့ ၂၁-ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးအရ သဘောတူညီမှု ရနိုင်ဖို့ဆိုရင် တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်တွေကြား အပစ်အခတ်ရပ်စဲဖို့ အရင် လုပ်ရမှာဖြစ်ပြီး၊ အစိုးရတပ်ဖက်က စစ်အင်အားတိုးချဲ့မှုနဲ့ ထိုးစစ်တွေ ရပ်ဖို့လိုတယ်လို့ သုံးသပ်သူတွေကဆိုပါတယ်။
အမေရိကန်ရဲ့ အနုမြူဗုံး ကျဲချခံရတဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်သမ္မတ တဦးအနေနဲ့ သမ္မတအိုဘားမား ပထမဆုံး သွားရောက် လည်ပတ်တာဟာ ဂျပန်-အမေရိကန် ချစ်ကြည်ရေး အတွက် ကောင်းမွန်စေတယ် ဆိုပေမယ့် လူသား အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့တဲ့ အနုမြူ ဗုံးကျဲချခဲ့ခြင်းအတွက် အမေရိကန် ဘက်က တောင်းပန်ဖို့ လိုတယ်လို့ ဂျပန်ပြည်သူတွေက ယူဆနေကြ ပါတယ်။
“ကားလမ်းက အသစ်ဆိုတော့လေ ကားလမ်းတွေပြိုတယ်။ ကားတွေကိုတော့ တညလောက် သိပ်ထားတယ်တဲ့။ ခရီးဆက်လို့မရဘူးတဲ့။ ဖလမ်း-ဟားခါးဘက်ကတော့ ပိုဆိုးတယ်တဲ့နော်။”
မြန်မာနဲ့ရုရှား စစ်ဘက်ဆက်ဆံရေး တိုးမြှင့်လာမယ်ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ တချို့က သုံးသပ်ပါတယ်။
လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တရားဝင် အသက်ဝင်မှုနဲ့ ပတ်သက်လို့ မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ခံအဖွဲ့ဝင်တွေနဲ့ မြို့တော်ဝန်အပါအဝင် ရန်ကုန်တိုင်းအစိုးရတို့ကြား တင်းမာမှုတွေဖြစ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်