မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့မဲဆန္ဒတွေနဲ့အညီ ရလဒ်ထွက်လာတဲ့ ရွေးကောက်ပွဲဖြစ်မှသာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုကို တကယ်လုပ်နေတယ် ဆိုတာကို နိုင်ငံတကာက လက်ခံနိုင်မှာဖြစ်တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး က မြန်မာအာဏာပိုင်တွေကို ပြောဆို။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းပြီး ကုန်သွယ်မှုတွေ အခုထက် ပိုတိုးတက်လာစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ဆွေးနွေးခဲ့ကြ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းကျော်က ဗွီအိုအေကို ပြောပါတယ်။
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမှာ ငွေကြေး မသမာမှုစွပ်စွဲချက်နဲ့ ဝန်ကြီးချုပ် Najib Razak ရာထူးကဆင်းပေးဖို့ အတိုက်အခံတွေက လူစုလူဝေးနဲ့ စနေနေ့ကစလို့ ဆန္ဒပြနေကြတဲ့အတွက် မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ အဖမ်းဆီးခံရမှာ စိုးရိမ်နေကြပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ကို အစိုးရနဲ့လက်မှတ်ရေးထိုးတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး အတူတကွ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်တောင်းဆို ညှိနှိုင်းသွားမယ်လို့ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
NCA လို့ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး တပြိုင်နက်တည်း လက်မှတ်ရေးထိုးမှသာ KIO ကချင်လွတ်လပ်ရေးအဖွဲ့က ပါဝင်လက်မှတ်ထိုးမှာဖြစ်ပြီး တဖွဲ့ချင်းအနေနဲ့ သီးခြား လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ KIO အဖွဲ့က ပြောပါတယ်။
“အားလုံးပါဝင်မှလက်မှတ်ထိုးပါဆိုတာက ကချင်ပြည်သူတွေဘဲတောင်းဆိုထားတာမဟုတ်ဘူးရှင့်။ ဒါကတနိုင်ငံလုံးမှာရှိတဲ့ ဒီလူမှုအဖွဲ့အစည်းများရဲ့ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ အဲဒီကော်မတီကနေလည်း အားလုံးပါဝင်မှထိုးပါဆိုပြီးတော့ ၁၇ ရက် date နဲ့ statement ထုတ်လိုက်တာ တွေ့ပါလိမ့်မယ်"(ဒေါ်ခွန်ဂျာ)
"ကျနော်ရတဲ့ သတင်းအခြေအမြစ်တွေအရ ပြောရမယ်ဆိုရင်တော့ ဒါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲထက် တပ်မတော်လိုလားတဲ့အစိုးရ ဖွဲ့စည်းနိုင်ရေးကိုပဲ ရည်ရွယ်ထားတဲ့ အနေအထားရှိပါတယ်။"
ရေဘေးဒဏ် ခံနေရတဲ့မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၁ သန်းလောက်ရှိသွားပြီ ဖြစ်သလို၊ တနိုင်ငံလုံးမှာ လယ်မြေဧက ၅ သိန်းကျော် ပျက်စီးနေပြီး လာမယ့် ၂ ပတ်အတွင်း စပါး ပြန်မစိုက်နိုင်ခဲ့ရင် စပါးအထွက်နှုန်း ကျဆင်းလိမ့်မယ်လို့ ကုလ သမဂ္ဂအဖွဲ့က သတိပေးလိုက် ပါတယ်။
မြန်မာနိုင်ငံတဝှမ်း ရေဘေးဒုက္ခသည်ပေါင်း ၆ သိန်းကျော်ရှိလာနေပြီး အခုချိန်ထိ သေဆုံးခဲ့သူ ၁၀၀ နီးပါးရှိထဲက တဝက်ကျော်ဟာ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ စုစုပေါင်း ၉၀ ကျော်သွားပြီဖြစ်ပြီး နိုင်ငံတဝှမ်း ရေဘေးဒဏ် ခံနေရတဲ့ ပြည်နယ်နဲ့တိုင်း ၁၂ခုထဲမှာ ရခိုင်ပြည်နယ်က အထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။
ရေလွှမ်းမိုးမှုဒဏ်ကြောင့် ရေဘေးဒုက္ခ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအနေနဲ့ တပူပေါ်နှစ်ပူဆင့် ဆိုသလို ဒုက္ခတွေ ပိုပြီး ရင်ဆိုင်လာရမှာဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး လိုက်ပါတယ်။
ကချင်လူထုရဲ့လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဟာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ KSDP ပါတီ ဥက္ကဋ္ဌဒေါက်တာတူးဂျာက ပြောလိုက်ပါတယ်။
လွှတ်တော်ပြင်ပနိုင်ငံရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထိပ်ပိုင်းခေါင်းဆောင် ငါးဦးဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ SNLD ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် လူသိများထင်ရှားတဲ့ ပညာရှင်အတော်များများကို NLD ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေးဖို့ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
ကချင်ပြည်နယ်မြောက်ပိုင်း မလိယန်ဒေသက အစိုးရတပ်နဲ့ ကချင် KIA တပ်တွေကြား တိုက်ပွဲကြောင့် ကချင်ဒုက္ခသည် တထောင်လောက် တောတောင်တွေထဲပိတ်မိနေပြီးကယ်ဆယ်ရေးအဖွဲ့တွေလည်း သွားရောက်ကူညီနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ဒီလပိုင်းတွေအတွင်း ဒေါ်လာဈေးမြင့်တက်နေပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတဲ့ကိစ္စမှာ မြန်မာနိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်အနေနဲ့ တစ်ဒေါ်လာနဲ့ ညီမျတဲ့ မြန်မာကျပ်ငွေ တန်ဖိုးကို ချတဲ့ ကြားဝင်ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဦးသိန်းစိန် ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ပေမယ့် အခြေအနေအချိန်ခါအရ တောင်းဆိုမှုတွေ ရှိလာရင် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် စဉ်းစားသွားမှာဖြစ်တယ်လို့ သမ္မတရုံးအဆင့်မြင့်အရာရှိတဦးက ဗွီအိုအေကိုပြောပါတယ်။
"သူက လက်ရှိ ပါတီရဲ့ သြဇာရှိတဲ့သူ၊ အဖျက်အမှောင့်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေက သူနဲ့ပတ်သက်တယ်လို့ လူတွေက ယုံကြည်ကြတယ်။ ဒါကြောင့် သူ့ရဲ့ကျန်းမာရေးကို လူတွေက စိတ်ဝင်စားတာလို့ ကျနော်ထင်တယ်။ ဥပမာအားဖြင့် လူမျိုးရေး အဓိကရုဏ်း ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်ပျက်တဲ့ကိစ္စမှာ သူနဲ့ဆက်စပ်မှုရှိတယ်လို့ လူတွေက ယုံကြည်တယ်။"