ဂါဇာက အစ္စရေး-ဟာမတ်စ်စစ်ပွဲ အပစ်ရပ်ကြဖို့ အီဂျစ်က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပဋိပက္ခကို မရပ်နိုင်ဘူးဆိုရင် ပိုပြီး ကျယ်ပြန့်တဲ့ ဒေသစစ်ပွဲအဖြစ် ချဲ့သွားနိုင်တယ်လို့လည်း အီဂျစ်သမ္မတ Abdel Fattah al-Sisi က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ဒေသတွင်း ညီညွတ်မှုရရှိပြီး နိုင်ငံတကာပေါင်းစည်းအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop ဟာ တရုတ်နိုင်ငံမြို့တော် ဘေကျင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ရောက် နေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နဲ့တွေ့ဆုံခဲ့ပါတယ်။
ဒီမိုကရက်ပါတီညီလာခံ ဒုတိယနေ့မှာ ယခင် သမ္မတ Barack Obama, သူ့ ဇနီး Michelle Obama နဲ့ ဒုတိယသမ္မတ ကင်မလာ ဟဲရစ်ရဲ့ ခင်ပွန်း Doug Emhoff တို့ စကားပြောကြမှာ ဖြစ်ပါတယ်။ ဒုတိယနေ့ စကားပြောမယ့်အထဲ ထူးထူးခြားခြား ပါဝင်လာသူကတော့ ရီပါဘလီကန် ပါတီက အရီဇိုးနား ပြည်နယ် Mesa မြို့တော်ဝန်၊ John Giles ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ယိုယွင်းလာနေတဲ့အခြေအနေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ကိုယ်စိတ် ကျန်းမာချမ်းသာအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်ကို တိုက်တွန်းလိုက်ပါတယ်။
"လားရှိုးလို တိုင်းစစ်ဌာနချုပ်ကိုတောင် သိမ်းနိုင်တဲ့ စစ်အင်အားသူတို့ ရှိတယ်ဗျာ၊ သိမ်းသွားပြီဗျာ၊ မူဆယ်ကိုသိမ်းချင် ကြာပြီပေါ့သူတို့။ မသိမ်းတဲ့ အကြောင်းရင်းကလည်း ဘာကြောင့်ဆိုတာ ထည့်စဉ်းစားရမှာပေါ့။ တခါသုံးကတ်ပေးတယ်၊ စာအုပ်အနီပေးတယ်ဆိုတာ နိုင်ငံတော်တရားဝင် အစိုးရကပဲလုပ်လို့ရတာလေ။" (ဒေသခံလုပ်ငန်းရှင်)
"ဆေးကုသခွင့်အလုံစုံမရဘဲနဲ့ အကျဉ်းဦးစီးဌာနရဲ့ဖိနှိပ်မှုအောက်မှာ အသက်ဆုံးရှုံးသွားတဲ့ဟာက မရေမတွက်နိုင်အောင်ပဲ။ ဒါက တိုင်းပြည်မှာရှိတဲ့အနုပညာ Industry နစ်နာမှုလို့လည်း ပြောလို့ရပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုဟာ အနာဂတ်လူငယ်တွေလည်း လမ်းပျောက်စေတာပေါ့ဗျာ။ ကျနော်တို့ကတော့ ထိခိုက်ရင်ကွဲရတယ်။" (ဝေမှူးသွင်)
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ရွေးကောက်ပွဲ ထပ်မပြိုင်တော့ဘူးလို့ ကြေညာအပြီး ဒီမိုကရက်တစ်ပါတီနိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ မှာ မိန့်ခွန်းပြောပါတယ်။ သူ့သမိုင်းကို မြှင့်တင်ပြောကြားပြီး ဒုသမ္မတ Kamala Harris ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် ချီးကျုး ပြောဆိုခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
တိုင်ဝမ်ကျွန်း အရှေ့တောင်ဘက်ကမ်းရိုးတန်း လူသူအရောက်အပေါက်နည်းတဲ့နေရာမှာတည်ရှိတဲ့ ဂျိုးပွန်းစစ်အခြေစိုက်စခန်းကနေ ဩဂုတ် ၂၀ ရက်နေ့က ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီနေရာမှာက လက်နက်တီတွင်စမ်းသပ်ဖို့ တိုင်ဝမ်အစိုးရတည်ထောင်ထားတဲ့ ချန်ရှန်း သိပ္ပံနဲ့နည်းပညာတည်ရှိတာပါ။
အစ္စရေး−ဟာမတ်စ် စစ်ပွဲ အဆုံးသတ်နိုင်ရေး အဆိုပြုချက်ကို အစ္စရေးဘက်က ထောက်ခံတယ်ဆိုတာ အတည်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေး Antony Blinken က တနင်္လာနေ့ က ကြေညာပါတယ်။ ဟာမတ်စ်ဘက်က ဒီအဆိုပြုချက်ကို လက်ခံဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ကာလမှာ ကျနော်တို့က ဒီမွတ်ဆလင်အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီပေါင်းပြီးတော့မှ လူသားဒိုင်းကာလုပ်ထားတဲ့ မောင်တောမြို့ခံတွေကို ကျနော်တို့ ကယ်ထုတ်နေတာရှိတယ်။ ဆိုတော့ သြဂုတ်လ ရရက်နေ့ကနေ အခုအချိန်ထိ ဆိုလို့ရှိရင်တော့ အားလုံး မောင်တောမြို့ ၂ သောင်း လောက်ကို ကယ်ထုတ်ထားတာရှိတယ်။
ဂါဇာဒေသ အပစ်ရပ်စဲရေး သဘောတူညီချက်အတွက် အမေရိကန်က ညှိနှိုင်းပေးထားတဲ့အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သဘောတူ လက်ခံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောလိုက်ပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုသမ္မတ Kamala Harris အနေနဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို အသာစီးရလာနေတဲ့အပေါ် သမ္မတ Joe Biden က မနေ့က စတင်တဲ့နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ DNC ညီလာခံမှာ ချီးကျူးပြောဆိုပါတယ်။
ထိုင်းနိုင်ငံရေးမှာ သံသရာလည်နေတဲ့ နိုင်ငံရေးပြဿနာတွေ မကြုံရအောင်တားဆီးနိုင်ဖို့ တရားရေးကဏ္ဍရဲ့စွက်ဖက်မှုတွေကို ပြုပြင်ပြောင်းလဲရလိမ့်မယ်လို့ မကြာသေးခင်က ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat က ပြောလိုက်ပါတယ်။
အနီးအနားမှာရှိနေတဲ့ ကချင်ရဲ့ ဒုတိယမြို့တော် ဗန်းမော် ကို ဆက်ပြီးထိုးစစ်ဆင်နိုင်ဖို့ KIA ဘက်က အသာစီးရသွားတဲ့ အခြေအနေမျိုးဖြစ်နေပြီး သိမ်းပိုက်ခဲ့တဲ့ ခမရ (၄၃၇) တပ်စခန်းကနေ တင့်ကား ၃စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိပြီး နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။
စစ်မှုထမ်းဖို့အတွက် မဲပေါက်ထားတဲ့ လူငယ်တွေကို အတင်းအဓမ္မခေါ်ဆောင်သွားတာမျိုးတွေရှိသလို မဲပေါက်ထားတဲ့ သူမတွေ့ဘူးဆိုရင် အိမ်မှာ ရှိတဲ့မိသားစုတွေကို ဖမ်းဆီး ရိုက်နှက်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒိန်းမတ်နိုင်ငံမှာ အရမ်းစပ်လို့ ဆိုပြီး အာဏာပိုင်တွေတားမြစ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံထုတ်အစပ်လွန် ခေါက်ဆွဲခြောက်ထုပ်တွေ မြို့တော် ကိုပင်ဟေဂင်ရဲ့ဈေးဆိုင်တွေမှာပြန်ရောင်းနေပါပြီ။ အစပ်လွန်ခေါက်ဆွဲ ဒီန်းမတ်ကို ဘာကြောင့်ပြန်ရောက်လာသလဲဆိုတာ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာ ဆက်ပြောပြပေးပါမယ်။
အမေရိကန် စာသင်ကျောင်းတွေမှာ ဖုန်းအသုံးပြုခွင့်ပိတ်ပင်ဖို့ ဒါမှမဟုတ် စာသင်ချိန်အတွင်း ဖုန်းသုံးခွင့်မပေးဖို့ စည်းကမ်းသတ်မှတ်လာကြပါတယ်။ ဆိုရှယ်မီဒီယာဗွီဒီယိုတွေက လူငယ်ကျောင်းသားတွေအတွက် ဆိုးကျိုးသက်ရောက်စေကြောင်း ပညာရှင်တချို့က ထောက်ပြကြသလို စည်းကမ်းနဲ့အညီ အသုံးပြုခွင့်ပေးတာကို လက်ခံသူတွေလည်းရှိပါတယ်။
အာဖဂန်ဒုက္ခသည် မိသားတစုဟာ ပါကစ္စတန်နိုင်ငံမှာ မနှစ် နို၀င်ဘာလ အထိနေထိုင်ခဲ့ပြီးမှ သူတို့ကို မူရင်းနိုင်ငံ ကို နှင်ထုတ်တာခံခဲ့ကြရပါတယ်။ အာဖဂန်နစ္စတန်ပြန်ရောက်တော့ နေစရာလည်းမရှိ၊ အလုပ်လည်းမရှိတဲ့အတွက် ပါကစ္စတန်နိုင်ငံကိုပဲ တခါပြန်လာခဲ့ကြပါတော့တယ်။
သြဂုတ် ၉ ရက် ၃၁ နှစ်အရွယ် အလုပ်သင်ဆေးမှူးတဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီးတဲ့နောက် နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေက အရေးပေါ်မဟုတ်တဲ့လူနာတွေကို စောင့်ရှောက်မှုတွေရပ်ပစ်လိုက်ပြီး ဆီမီးထွန်း ဆန္ဒပြနေကြပါတယ်။ ကလကတ္တားမြို့က အစိုးရဆေးရုံလုပ်ငန်းခွင်မှာ အခင်းဖြစ်ခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။
အမေရိကန် ပြည်ထောင်စု Chicago မြို့က ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံပထမဆုံးနေ့မှာသာမန်လူတန်းစားတွေဆီကရော အစိုးရအရာရှိတွေအပြင် သမ္မတဂျိုးဘိုင်ဒန်တို့ကပါ မိန့်ခွန်းပြောမယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။ သမ္မတဘိုင်ဒန်အတွက်ကတော့ သူ့ရဲ့ သမ္မတရာထူးကို ဂုဏ်ပြုကျင်းပတဲ့ နေ့လည်းဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်