ဂိုလန်ကုန်းမြင့်က ဘောလုံးကွင်းတခုကို လက်ဘနွန်ဘက်ကပစ်တဲ့ ဒုံးကျည်ထိမှန်ပြီး လူ ၁၂ ဦး သေဆုံးသွားတဲ့နောက် ဟက်ဇ်ဘိုလာပစ်မှတ်တွေကို အစ္စရေးဘက်က တနင်္ဂနွေနေ့မှာ ပစ်ခတ်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခ ကျယ်ပြန့်မလာအောင် အနောက်နိုင်ငံသံတမန်တွေ ကြိုးပမ်းဆောင်ရွက်နေတဲ့ကြားမှာပဲ အခုလို ပစ်ခတ်မှုတွေဖြစ်လာတာပါ။
MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ဇူလိုင် ၂၈ လားရှိုးတိုက်ပွဲမှာ ထောင်ပေါက်ပြီးလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်ဟိန်ပါကြောင်း မီဒီယာတချို့က ဖော်ပြနေပေမဲ့ မိသားစုနဲ့တော့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲရဲ့ ပထမဆုံး ရွှေတံဆိပ်ဆု ရလဒ်တွေ စနေနေ့မှာ စတင် ထွက်ပေါ်လာခဲ့ပြီး သြစတြေးလျ နဲ့ တရုတ်နိုင်ငံက ရွှေတံဆိပ် ၂ ခု စီနဲ့ နိုင်ငံအလိုက် ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေ ဖြစ်လာဖွယ်ရှိနေတဲ့ ဒုသမ္မတ ကယ်မလာဟဲရစ် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ဟာ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြပြီး ဂါဇာ စစ်ပွဲနဲ့ ပတ်သက်တဲ့ မတူကွဲပြားတဲ့ အမြင်တွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်း နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ကိုင်စွဲထားကြောင်း အာဆီယံရဲ့ စနေနေ့ပူးတွဲကြေညာချက်က ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဆိုးရွာလာတဲ့အပေါ် အထူးစိုးရိမ်ကြောင်း အာဆီယံ ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ ဘက်စုံမဟာဗျူဟာမြောင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပံ့ပိုးကူညီမှု ချိတ်ဆက်မှုတွေ တိုးမြှင့် နေတယ်လို့ နိုင်ငံခြားရေးဌာနက သောကြာနေ့ (ဇူလိုင် ၂၆ ရက်)က သတင်းထုတ်ပြန်ပါတယ်။
“EUက ယူကရိန်းနဲ့အတူ ရပ်တည်နေပါတယ်။ ဒီနေ့မှာ ယူကရိန်း ကာကွယ်ရေးနဲ့ ပြန်လည် တည်ဆောက်ရေးအတွက် မရွှေ့မပြောင်းနိုင်တဲ့ ရုရှားပိုင်ဆိုင်မှုတွေက ရရှိတဲ့ ယူရိုငွေ ၁.၅ ဘီလီယံကို လွှဲပြောင်းပေးလိုက်တယ်” လို့ EU အကြီးအကဲ အာဆူလာ ဗွန်ဒါ လေယန် (Ursula Von der Leyen) က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ အမေရိကန် သမ္မတဟောင်း၊ လက်ရှိ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ဟာ ၄ နှစ် အတွင်းမှာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှု အဖြစ် ထရမ့်ရဲ့ ဖလော်ရီဒါက အပန်းဖြေစံအိမ်ကြီးမှာ သောကြာနေ့ (ဇူလိုင် ၂၆ ရက်) က တွေ့ဆုံခဲ့ကြပါတယ်။
နစ်မြုပ်သွားတဲ့ တန်ဇန်းနီးယားအလံတင် Fu Shun သင်္ဘောပေါ်က မြန်မာ ၉ ယောက်ထဲမှာ ၄ ယောက်ကိုရှာတွေ့ထားပြီး ကပ္ပတိန်ဖြစ်သူကတော့ သေဆုံးသွားတယ်လို့ နီးစပ်သူက ပြောပါတယ်။ တနေရာစီကနေ ကယ်တင်ထားပြီးသူတို့ကို Kaohsiung ဆိပ်ကမ်းအနီးက Modern Plaza Hotel မှာ စောင့်ရှောက်ထားတယ်လို့ မိသားစုဝင်က ဗွီအိုအေကို ပြောပါတယ်။
ပြင်သစ်နိုင်ငံက အမြန်ရထားလိုင်းတလျှောက်က အချက်ပြစနစ်နေရာတချို့ မီးရှို့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထောင်သောင်းချီတဲ့ ခရီးသွားတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလုပ်ရပ်ဟာ အိုလံပစ်ပွဲတော် ဖွင့်ပွဲနေ့မှာ တမင်ကြိုတင် ကြံစည်လုပ်ဆောင်တဲ့ အဖျက်အမှောင့်လုပ်ငန်းအဖြစ် ယူဆကြပါတယ်။
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပြီး တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ဆွေးနွေးဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ သီးခြားစီ တွေ့ဆုံနေပြီး မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက အဓိက ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာတွေထဲက တခုအဖြစ်ပါဝင်ပါတယ်။
ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာနိုင်ခြေရှိသူ လက်ရှိ ဒုသမ္မတ Kamala Harris ကို ထောက်ခံကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား (Barack Obama) နဲ့ ဇနီး မီရှယ်အိုဘားမား (Michelle Obama) တို့က တရားဝင် ထုတ်ပြန် ပြောကြားလိုက်ကြပါတယ်။
စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။ စဉ့်ကူးနယ်ထဲမှာဆိုရင်လည်း လက်ကျန်စစ်တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်တာတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းယောင်းဒေသကို ဝင်ရောက်ချုပ်ကိုင်ထားတာ မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (မိုင်းလားအဖွဲ့)က ပြောဆိုလိုက်ပါတယ်။ အဲဒီဒေသကို ဝင်ရောက်လာတာက ဆက်ကြေးကောက်ယူမှုတွေ ရှိလာတဲ့အတွက် လာကောက်တဲ့အဖွဲ့ကို မလုပ်ဖို့ ဝင်ရောက် ထိန်းသိမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။
တိုင်ဖုန်းမုန်တိုင်း Gaemi(ဂေမီ) ကြောင့် ထိုင်ဝမ်နိုင်ငံရဲ့တောင်ဘက် (ရေမိုင်) ၁၉မိုင်အကွာ တောင်တရုတ်ပင်လယ်ထဲမှာ မနေ့က ညနေပိုင်းက နစ်မြုပ်သွားတဲ့ သင်္ဘောနှစ်စီးလုံးမှာ မြန်မာနိုင်ငံသားဝန်ထမ်းတချို့ ပါဝင်နေပြီး ထိုင်ဝမ် ကမ်းခြေစောင့်အာဏာပိုင်တွေနဲ့ ဆက်သွယ်ဖို့ မြန်မာ ပင်လယ်ကူး သင်္ဘောသားများ အဖွဲ့အစည်းတွေက ကြိုးစားနေကြောင်း ပြောပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ Seine မြစ်ပေါ်မှာ ဒီနေ့ နွေရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွေ စတင် ကျင်းပပြီး အမေရိကန် သမ္မတကတော် Jill Biden နဲ့အတူ နိုင်ငံတကာ ခေါင်းဆောင်တွေ နိုင်ငံကိုယ်စားပြု အားကစားသမားတွေ ပါဝင်တက်ရောက်ပါတယ်။
တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ သံတွဲအပါအဝင် ရခိုင်တောင်ပိုင်းက မြို့နယ်တချို့မှာ မနေ့ကစပြီးတော့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခုလို ရေကြီးမှုတွေကြောင့် ဂွမြို့နယ်အတွင်းက စစ်ဘေးရှောင် ဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ အခက်ကြုံနေရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်နက်ကိုင် တိုက်ပွဲတွေမှာ တပ်သားသစ်အဖြစ် အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေတဲ့အကြောင်းနဲ့ ဒီလို ဖမ်းဆီးခေါ်ဆောင်တာဟာ နိုင်ငံတကာ စစ်ဥပဒေကို ချိုးဖေါက်တဲ့အပြင် လူကုန်ကူးမှု မြောက်တဲ့အကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဂါဇာစစ်ပွဲနဲ့ အပစ်ရပ်သဘောတူညီမှုရရှိရေးအလားအလာတွေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu သမ္မတအိမ်ဖြူတော်မှာ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ချိန် ဒီမိုကရက်သမ္မတကိုယ်စားလှယ်လောင်းဖြစ်နိုင်ခြေရှိတဲ့ ဒုသမ္မတ Kamala Harris လည်း အိမ်ဖြူတော် အစည်းအဝေးမှာ ရှိနေခဲ့တာပါ။
လာအိုနိုင်ငံ၊ ဗီယက်တိုင်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဘေးပန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါတို့ တွေ့ဆုံကြမယ်ဆိုတဲ့ ခန့်မှန်းချက်တွေတိုးလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်