အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ မြန်မာသတင်းထောက် ကိုထက်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဇူလိုင်လ ၂ ရက်နေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမေရိကန်ဦးဆောင်နေတဲ့ အခန်းကဏ္ဍကို တန်ပြန်နိုင်ဖို့ရည်ရွယ်ပြီး ကာဇက်စတန်နိုင်ငံက လုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက်ဟက်ဇ်ဘိုလာအဖွဲ့တို့ကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာ အကြီးတန်းတပ်မှူးတဦး သေဆုံးခဲ့တယ်လို့ ဟက်ဇ်ဘိုလာက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အရင်သီတင်းပတ်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့စကားစစ်ထိုးပွဲမှာ အခြေမလှ ဖြစ်ခဲ့ပြီးနောက် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပါတီရဲ့ သမ္မတလောင်းအဖြစ် ဆက်လက်ရှိနိုင်ဖို့ နိုင်ငံတဝန်းက ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၃ ယောက်ထဲက တချို့နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပါတယ်။
တောင်ကယ်ရိုးလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်း ဖြစ်၊ ကုလသမဂ္ဂသံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ နစ်ကီဟေလီကို ဆက်လက်ထောက်ခံနေတဲ့ မဲဆန္ဒရှင်တွေဟာ အမေရိကန် လက်ရှိသမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်အကြား အနိုင်အရှုံးကို ဆုံးဖြတ်သွားနိုင်တဲ့ အကြောင်း Dora Mekouar သတင်းပေးပို့ထားပါတယ်။
အင်္ဂါနေ့ညတုန်းက တရုတ်ကမ်းခြေစောင့်တပ်က ဖမ်းထားတဲ့ ထိုင်ဝမ်ငါးဖမ်းလှေနဲ့ သင်္ဘောသားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်က ဒီနေ့ တိုက်တွန်း တောင်းဆိုထားပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်းဒေသ အတော်များများမှာရှိနေကြသူတွေ ဘေးကင်းရာကို ရှောင်ထွက်ပေးကြဖို့ အစ္စရေးက မနေ့ အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်တဲ့အပေါ် အထူးစိုးရိမ်မိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီဒေသမှာ လူတွေ ထောင်နဲ့ချီ ရှိတာဖြစ်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇ သိန်းခွဲနီးပါးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်စခန်း တာ၀န်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက အချက်အချာကျတဲ့ လားရှိုးမြို့ သိမ်းပိုက်နိုင်ရေး MNDAA ကိုးကန့်တပ်က ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အင်္ဂါနေ့ည သန်းခေါင်အချိန်ကစတင် မြို့အနီးတဝိုက် ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်က မြေပြင်က လက်နက်ကြီးနဲ့ရော လေကြောင်းအကူတွေနဲ့ပါ ပြန်လည် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်အတွင်း မနေ့က လူတွေ ကြိတ်ကြိတ်တိုးပြီး အချင်းချင်း တက်နင်းမိတဲ့အတွက် သေဆုံးသူ ၁၂၁ ယောက်ရှိသွားပြီလို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။
မန္တလေးတိုင်း မတ္တရာမှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီစခန်းပေါင်း ၇ ခုသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။
ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကြီးအကဲ Joyce Msuya က မြန်မာနိုင်ငံ အခြေအနေကို အစီရင်ခံ တင်ပြမယ်လို့ ခန့်မှန်းရပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဂျပန်နိုင်ငံကို မြန်မာစစ်ကောင်စီက ချစ်ကြည်ရေး လက်ဆောင်အဖြစ် ဆင် ၄ ကောင်ပေးပို့ဖို့ စီစဉ်နေပေမဲ့ ဒီဆင်တွေကို လက်မခံဖို့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။
နှစ်နှစ်တာစစ်အတွင်း ရုရှားဘက်ယိမ်းတဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban ဟာ အင်္ဂါနေ့က ယူကရိန်းကိုသွားရောက်ပြီး ရုရှား-ယူကရိန်းစစ်ဟာ ဥရောပအတွက် အရေးအကြီးဆုံးကိစ္စဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ မစ္စတာအော်ဘင်န်ရောက်ပြီး နာရီအတော်ကြာမှ ဒီခရီးစဥ်ကို ယူကရိန်းက လူသိရှင်ကြားပြောတာပါ။
အိန္ဒိယနိုင်ငံမြောက်ပိုင်း Hathras ခရိုင် ဘာသာရေးပွဲတော်အတွင်း အင်္ဂါနေ့မှာ အချင်းချင်းတက်နင်းမိကြရာက လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥဿာပရာဒက်ရှ်ပြည်နယ်ရဲနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်ဘက်က ထိခိုက်ဒဏ်ရာရတဲ့အထိ တရုတ်နဲ့ တင်းမာမှု ဖြစ်ခဲ့တာကိုဆွေးနွေးအဖြေရှာာဖို့ ဖိလစ်ပိုင်နဲ့တရုတ်တို့ မနီလာမြို့မှာ အင်္ဂါနေ့က ဆွေးနွေးသဘောတူလိုက်ကြတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။
မြန်မာအပါအဝင် ကမ္ဘာ့နေရာအတော်များများမှာဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို ကုလသမဂ္ဂအနေနဲ့ ကာကွယ်တားဆီးပေးဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လိင်အယူအဆကွဲပြားသူတွေကြား တန်းတူညီမျှရေး ထိခိုက်ကျဆင်းသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ပြောပါတယ်။
“ရှင်းရှင်းပြောရရင် ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေတွေကတော့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ့် အနေအထားမရှိတော့ဘူးဆိုတဲ့ သဘောသက်ရောက်သွားတယ်လို့ မြင်တယ်။” (ဦးခိုင်ပြည်စိုး- ANP ပါတီ အထွေထွေအတွင်းရေးမှူး)
ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ ဥရောပ ပါလီမန်ရွေးကောက်ပွဲတွေမှာ သူ့ပါတီ ခွက်ခွက်လန် ရှုံးနိမ့်ခဲ့ပြီးနောက် သမ္မတ Macron က ရွေးကောက်ပွဲ စောကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဇွန်လ ၃၀ ရက်၊ တနင်္ဂနွေနေ့က ပြင်သစ်မှာ ပထမအကျော့ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်