အကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြပြီးနောက် သေဆုံးခဲ့ရတဲ့ ထိုင်းတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးအတွက် ဖုယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတရပ်ကို ဘန်ကောက်မြို့မှာ အင်္ဂါနေ့ညပိုင်းက ပြုလုပ်ပါတယ်။
ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအကျပ်အတည်း ၇ နှစ်ရောက်လာချိန်မှာ ဒုက္ခသည်တွေအတွက် ရန်ပုံငွေ သိသိသာသာ ကျဆင်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္သည်စခန်းတွေဆီသွားခဲ့ကြတဲ့ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု ငါးနိုင်ငံကိုယ်စားလှယ်အဖွဲ့က ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
ဂါဇာတောင်ပိုင်း Rafah တဝိုက်မှာ အစ္စရေးစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာတာကို သူ့အနေနဲ့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ ပြောပါတယ်။
AI ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်လို့ လုံခြုံရေးစိုးရိမ်ချက်တွေအပေါ် အမေရိကန်နဲ့ တရုတ်တာဝန်ရှိသူတွေက အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံမှာ တခါးပိတ် ဆွေးနွေးခဲ့ကြပါတယ်။
အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဒဏ် ခံနေရတဲ့ ဂါဇာဒေသတောင်ပိုင်း Rafah မြို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စွန့်ခွာ ထွက်ပြေးတဲ့သူ ၄ သိန်းခွဲ နီးပါး ရှိမယ်လို့ ခန့်မှန်းထားကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေရှိရာ ရခိုင်ပြည်နယ်မှာ သောက်သုံးရေရှားပါးမှုကြောင့် နောက်ဆက်တွဲ ရောဂါတွေ ရင်ဆိုင်နေရပြီး၊ သေဆုံး၊ နာမကျန်းသူတွေ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
အမေရိကန်က ပို့ပေးမယ့် လက်နက်အသစ်တွေဟာ ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာအတွက် အများကြီးအထောက်အကူပြုစေမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
တိုင်းရင်းသားအဖွဲ့တချို့ အပါအဝင် မြန်မာ အတိုက်အခံအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုတိယ အကြီးအကဲ မစ္စတာ Komura Masahiro ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကြောင်း AA အာရက္ခတပ်တော်က ငြင်းဆန်လိုက်ပါတယ်။
အာရှ ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် လေးနှစ်ဆက်တိုက်တိုးလာပြီး တသန်း ခွဲလောက်ရှိတဲ့အထဲမှာ မြန်မာနိုင်ငံကအရေအတွက် အများဆုံး ၁ သန်း ၃ သိန်း လောက်ရှိတဲ့အကြောင်း ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
သီတင်း ၂ ပတ်ကြာ မိုးသည်းထန်ပြီး ရေဘေးသင့်နေတဲ့ ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ရီယို ဂရမ်ဒူဆူလ်ပြည်နယ်မှာ မိုးတွေထပ်ရွာသွန်း၊ အခြေအနေ ပိုဆိုးပြီး ဒုစရိုက်မှုတွေလည်း ပိုတိုးလာနေပါတယ်။ မြစ်တွေရေလျှံလို့ မြို့တွေရေဖုံးပြီး သေဆုံးသူ အယောက် ၁၅၀ နားကပ်နေသလို၊ လူ ၂ သန်းကျော် ရေဘေးဒုက္ခနဲ့ တွေ့ကြုံနေရပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတွင်း အခြေစိုက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်ဝင်မိသားစုကို အသရေဖျက်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ ထိုင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြရင်း သေဆုံးသွားတယ်လို့ ထိုင်းအကျဉ်းဦးစီးဌာနက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ရေးပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ အရပ်သား သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။ မနေ့တုန်းကလည်း မုံရွာမြို့က တိမ်းရှောင်လာတဲ့ စစ်ရှောင်ဒုက္ခသည်တွေရှိရာ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ မိုးသည်းထန် မုန်တိုင်းကျရာက ဧရာမ လမ်းဘေးထောင်ဆိုင်းဘုတ်ကြီးတခု ပြိုကျခဲ့ပြီး လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၇၅ ယောက်လောက် ဒဏ်ရာရသွားပါတယ်။
ဩစတြီးယားနိုင်ငံသားတွေ ဖြစ်တဲ့ Marco Fürst နဲ့ Marco Waltenspiel တို့ဟာ လေပျံဝဲဝတ်စုံဝတ်ပြီး လန်ဒန်မြို့က အထင်ကရတံတားကြီးပေါ်ကနေ ပထမဆုံး ပျံဝဲဖြတ်သန်းနိုင်ကြသူ ၂ ဦး ဖြစ်သွားပါတယ်။ ပျံသန်းချိန် ၄၅ စက္ကန့်ကြာပြီး အကွာအဝေး ၁ ကီလိုမီတာကျော်ကျော် သွားနိုင်ခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း Kharkiv ဒေသမှာ ပြီးခဲ့တဲ့သောကြာနေ့က ပြင်းထန်တဲ့ထိုးစစ်တွေဆင်နွှဲပြီး ရွာ ၉ ရွာထက်မနည်း သိမ်းပိုင်နိုင်ခဲ့တယ်လို့ ရုရှားစစ်ဖက်က ပြောပါတယ်။
ဉာဏ်ရည်တုနည်းပညာ AI နဲ့ပတ်သက်ပြီးလုံခြုံရေးစိုးရိမ်ချက်တွေကို အမေရိကန်နဲ့တရုတ်နိုင်ငံအရာရှိတွေ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
အစ္စရေးအဆို ရာဖာမြို့ အကန့်အသတ်နဲ့ထိုးစစ်ကြောင့် နေရပ်ရွှေ့ပြောင်းခဲ့ရတဲ့ ထောင်သောင်းချီတဲ့ ပါလက်စတိုင်းသားတွေဆီ စားနပ်ရိက္ခာနဲ့ အခြားအခြေခံလိုအပ်ချက်တွေ ပေးပို့ဖို့ ခက်ခဲနေတယ်လို့ အေပီသတင်းမှာဖော်ပြပါတယ်။
ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေဖို့နဲ့ စစ်ရေးအတွေ့အကြုံတွေဖလှယ်ဖို့ ရွှေနဂါး နှစ်စဥ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဒီသီတင်းပတ်ထဲစတင်မယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေက တနင်္လာနေ့မှာပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်