ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ရီယို ဂရမ်ဒူဆူလ်ပြည်နယ်တလွှား မိုးများပြီး ရေဘေးသင့်လို့ လူ တသောင်းခွဲ အိုးအိမ်ပျက်ဆီးပြီး ဘေးလွတ်ရာကို ရှောင်ရှားနေရပါတယ်။ ရေတွေနဲ့ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ လှေတွေ ရဟတ်ယာဉ်တွေနဲ့ သွားကယ်ထုတ်နေရပါတယ်။
ကမ္ဘာတလွှား ဥတုရာသီပြောင်းလဲမှုတွေ ဖြစ်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ ရုပ်ကြွင်းလောင်စာကနေ မီသိန်းဓါတ်ထုတ်လွှတ်မှုကလည်း တခုအပါအဝင် ဖြစ်ပါတယ်။ အခု ဒီမီသိန်းဓါတ်တွေ ဘယ်နေရာက ထုတ်လွှတ်နေတယ်ဆိုတာကို ပိုတိတိကျကျ တိုင်းတာနိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ အဆင့်မြင့် နည်းပညာသုံး ဂြိုဟ်တုတလုံးကိုလွှတ်တင်လိုက်ပါပြီ။
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်၊ Kamjong ခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူ ၅,၄၅၇ ဦး ရှိပြီး အဲဒီထဲက ရွှေ့ပြောင်းနေထိုင်သူ ၅,၁၇၃ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဗီရမ် ဆင်း (Biren Singh) က ဗုဒ္ဓဟူးနေ့မှာ လူမှုကွန်ရက် X မှာ ပြောပါတယ်။
အမည်ဝှက် ‘N’ လို့ ပေးထားတဲ့ အသက် ၁၂ နှစ် အရွယ်အမျိုးသမီးငယ်က သူ့ကို သင်္ဘောမာလိန်မှူးနဲ့ဝန်ထမ်းတွေက အဓမ္မပြုကျင့် နှိပ်စက်ခဲ့ပြီး သူတို့ဆန္ဒကိုမနာခံရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးရာမှာ အစ္စာလာမ်ဘာသာရေးအခြေခံပြီး ဂျီဟတ်ဒ်ဝါဒနဲ့ ဟောပြော စည်းရုံးနေတယ်လို့ စစ်သားအဖြစ် စုဆောင်းခံခဲ့ရာကနေ ထွက်ပြေးလာသူတဦးကို ကိုးကားပြီး အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာချက် စာတမ်းတခုမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်က ခရမ် ရှာလုံ (Kerem Shalom) နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာပေမယ့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပါလက်စတိုင်းပိုင်နက်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုခဲ့တာကို မြန်မာစစ်ကောင်စီက မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ငြင်းဆိုခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှားစစ်တပ်ဘက်က ဝင်ကူတိုက်ဖို့ လူစုဆောင်းပေးသူ ၄ ဦးကို လူမှောင်ခိုကူးမှုနဲ့ အိန္ဒိယအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။ ၂ နှစ်ကြာလာပြီဖြစ်တဲ့ယူကရိန်းကျူးကျော်စစ်အတွင်းရုရှားတပ်ဖွဲ့ဝင်သောင်းနဲ့ချီသေဆုံးပြီးနောက်ရုရှားအစိုးရဟာကမ္ဘာတဝန်း သူတို့ဘက်က ကူတိုက်ပေးမယ့်သူတွေကိုလိုက်လံစုဆောင်းနေတာပါ။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းတွေကို ဆက်လက် စွန့်ခွာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်လိုက်ပါတယ်။ KNU တပ်မဟာ၅အခြေစိုက်တဲ့ ဖာပွန်ခရိုင်က စခန်းတွေကို စွန့်ခွာသွားတာကြောင့်အခုဆိုရင်ဒီနှစ်ဆန်းကစ စခန်း ၈ ခုထက်မနည်းကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ ရခိုင်ပြည်နယ်မှာအရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ် စနဲမြို့ဈေးအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ Rafah မြို့ကို အစ္စရေးက ထိုးစစ်ဆင်တိုက်ခိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုအသစ်တွေ ဒီကနေ့ ထပ်မံထွက်ပေါ်လာနေချိန်မှာဘဲ ကာတာနိုင်ငံနဲ့ အာဖရိကသမဂ္ဂတို့က ပိုမို ဆိုးရွားလာနေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲကိစ္စအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။
Boeing ကုမ္ပဏီထုတ် စစ်လက်နက်တွေ အစ္စရေးကို တင်ပို့မှုတွေ အမေရိကန်က ဆိုင်းငံ့ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန်ရဲ့ အနီးကပ်မဟာမိတ် အစ္စရေးကို နိုင်ငံရေးအရ သတင်းစကားပါးတာ ဖြစ်ကြောင်းလည်း နီးစပ်သူ ၄ ဦးထဲက ၂ ဦးကို ကိုးကားပြီး Reuters သတင်းက ဖော်ပြခဲ့တာပါ။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို တည်ထောင်ခဲ့တာ ဒီနေ့မေလ ၈ ရက်မှာ (၈၈)နှစ်ပြည့်သွားပါပြီ။ ဗကသဟာ စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်၊ တွန်းလှန်ခဲ့တာဖြစ်လို့ လက်ရှိမှာလည်း ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က မွတ်ဆလင်အများစု နေထိုင်ရာ ရပ်ကွက်မှာ လွန်ခဲ့တဲ့ ၄ နှစ်က အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံသားဥပဒေကြောင့် လတွေနဲ့ချီ ဆန္ဒပြပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့နေရာဟာ အခုတော့ စားသောက်ဆိုင်တန်း တွေနဲ့ စည်ကားနေပါတယ်။
သမ္မတ Alexander Lukashenko ရဲ့အမိန့်အရ နည်းပရိယာယ်ပိုင်းဆိုင်ရာ နျူကလီယာလက်နက်တွေ ချထားဖို့ စစ်တပ်အနေနဲ့ အဆင်သင့်ဖြစ်မဖြစ် စတင် စစ်ဆေးနေပြီလို့ ဘဲလားရုစ်နိုင်ငံက အင်္ဂါနေ့က ပြောပါတယ်။
ဂါဇာကမ်းမြောင်ကိုဝင်တဲ့ ရာဖာနဲ့ Karem Shalom လမ်းဆုံနှစ်ခုကို ပိတ်လိုက်တာကြောင့် ဂါဇာနေ ပါလက်စတိုင်းနှစ်သန်းကျော်အတွက်လိုအပ်တဲ့ မရှိမဖြစ်ပစ္စည်းတွေကို ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေက ပြောကြပါတယ်။
ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို ထိုးစစ်မဆင်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တနင်္လာနေ့က အရေးတကြီး သတိပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ်၊ Boston မြို့မှာရှိတဲ့ MIT နည်းပညာတက္ကသိုလ်ဝင်းထဲကို ရဲတွေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြ ကျောင်းသားတွေ အရင်ဆန္ဒပြခဲ့ကြတဲ့နေရာကို ပြန်ဝင်သွားခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဗွီဒီယိုကတဆင့် တွေ့ဆုံခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း Hun Sen က တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုချက်ကို စစ်ကောင်စီအကြီးအကဲက စဉ်းစားမယ်လို့လည်း လူမှုကွန်ရက်မှာ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်