မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးလာမယ်ဆိုရင် ဒုက္ခသည် တသိန်း အထိ ယာယီလက်ခံဖို့ ပြင်ဆင်ထားတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က သတင်းထောက်တွေကို ပြောဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ စစ်ပွဲတွေ အခြေအနေနဲ့ နိုင်ငံရေးသမားတွေရဲ့ ထောင် တွင်းဖြတ် သန်းရတဲ့အခြေအနေ တွေကိုထင်ဟပ်စေမယ့် သံချပ်တွေကိုဒီနှစ်သင်္ကြန်သံချပ်မှာ အဓိက ဦးတည်သရော်ထားတယ်လို့ လူငယ်သံချပ်အဖွဲ့ တွေ က ပြောပါတယ်။
တရုတ်- မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခလရ ၁၄၂ တပ်ဖွဲ့ဝင်တွေဟာ မနေ့ညပိုင်းက တရုတ်နိုင်ငံဘက်ကို ဆုတ်ခွာသွားတဲ့နောက် ဒီမနက်မှာ KIA ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။
မြန်မာနိုင်ငံအခြေအနေဟာ ထိုင်းနိုင်ငံအတွက် အလွန် အရေးပါတဲ့ အနေအထားမှာ ရှိတာကြောင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းအစိုးရအနေနဲ့ ဘက်ပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြာင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အပါအဝင် မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဒီကနေ့ နေအပြည့်အဝကြတ်တာကိုမြင်ခဲ့ရတာပါ။ နေရဲ့ ရှေ့ကနေ လ ဖြတ်သွားရာက မိနစ်ပိုင်းလေးအမှောင်အတိကျသွားပါတယ်။
ကနေဒါနဲ့ အမေရိကန်နယ်စပ် ဧရာမ ရေတံခွန်ကြီးရှိတဲ့ နိုင်အာဂရာရေတံခွန်ဒေသမှာတော့ နေအပြည့်ကြတ်ဖြစ်စဉ်ကို တွေ့မြင်နိုင်ဖို့ ဒီနေရာကို ဧည့်လာတာ ဒါအများဆုံး ဖြစ်ပြီး ကိုဗစ်ကာလ စီးပွားရေး ထိခိုက်ထားသမျှကို ပြန်ကာမိစေမယ်လို့ ခန့်မှန်းထားကြပါတယ်။
လက်ဘနွန်တောင်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ အစ္စရေးမြောက်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ တပ်မှူးတဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ ပြောပါတယ်။ သေဆုံးသူဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ Radwan တပ်ဖွဲ့က တပ်မှူး Ali Ahmad Hassin ဖြစ်တယ်လို့ အစ္စေရးစစ်တပ်ကထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသကျေးရွာကို ဒီကနေ့မှာ စစ်ကောင်စီ လေယာဉ်က လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဥ်နဲ့ ပစ်ခတ်တာကြောင့် ရွာ မီးလောင်တာကို တဖက်ကမ်းကနေ မြင်နေရတယ်လို့ လည်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
မြဝတီမှာ မကြာသေးခင်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့က လက်နက်ချခဲ့တဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်ပို့ရေး စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပေမဲ့၊ KNU နဲ့ပူးပေါင်းတပ်ဖွဲတွေကို ညှိနှိုင်းတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အဦး အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး အတွင်း အရပ်သား ၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်တွေမီးရှို့ခံရတာတွေရှိနေပါတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းက ရှားတောရွာနဲ့ တောင်နှဲကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဧပြီ ၆ ရက်နေ့မှာ မီးရှိုံခဲ့ပြီး ရွာခံ ၇ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၈ ရက်မှာ လက နေကိုကွယ်လိုက်လို့ နေအလင်းရောင်ကွယ်ပျောက်တာကို မက္ကဆီကို၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက လူသန်းပေါင်းများစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို နေ၊ လနဲ့ ကမ္ဘာ တတန်းတည်းကျတဲ့ ဖြစ်စဉ်ဟာ လူတွေကို သက်ရောက်မှု ရှိစေလိမ့်မယ်လို့ နက္ခတဗေဒပညာရှင်တွေက ယုံကြည်ပါတယ်။
မိုးမောက်မြို့နယ်၊ စိန်လုံရွာက စစ်ကောင်စီရဲ့ဗျူဟာကုန်းကို ဒီလ ၁ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့တဲ့နောက် ဆုတ်ခွာသွားတဲ့ ဗျူဟာမှုးနဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းရာမှာ စစ်ကောင်စီရဲ့ ဗျူဟာမှုးကို KIA ဘက်က သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု အပါအဝင် မြောက်အမေရိကတိုက် နိုင်ငံတွေမှာ ဒီကနေ့ နေအပြည့်အဝကြတ်တာကို စောင့်ကြည့်ဖို့ အကြီးအကျယ် ပြင်ဆင်နေကြပါတယ်။ နေရဲ့ ရှေ့ကနေ လက ဖြတ်သွားရာက ၄ မိနစ်ခွဲလောက် အမှောင်ကြပြီး နေကြတ်တာကို အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို နိုင်ငံတွေမှာ လူပေါင်းသန်းချီ စောင့်ကြည့်ကြမှာပါ။
"လက်ရှိ စစ်ကောင်စီဟာ အင်အားစတင်လျော့ကျလာနေပြီဆိုတာ ကျနော်တို့အားလုံး သိကြမယ်ထင်ပါတယ်။" လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က Reuters သတင်းဌာနနဲ့မေးမြန်းခန်းမှာ ပြောလိုက်တာပါ။ အင်အားချိနဲ့လာတယ် ဆိုပေမဲ့ အာဏာနဲ့ လက်နက်ရှိနေဆဲဖြစ်တာကြောင့် စေ့စပ်ညှိနှိုင်းသင့်တယ်လို့ ယူဆကြောင်းလည်း အကြံပေးခဲ့တာပါ။
အရေးပေါ် ကယ်ဆယ်ရေးလေယာဉ် ဆင်းသက်ခွင့်ပြုဖို့ ထိုင်းနိုင်ငံကို ခွင့်ပြုချက် တောင်းခံထားပေမဲ့ ပထမတစင်း မနေ့က ရောက်လာခဲ့ပြီး အစီအစဉ်ကို ရုတ်တရက် ဖျက်လိုက်တာလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ Thanawat Sirikul ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ဧပြီလ ၅ ရက်နေ့ကက တာဝန်ပေးခြင်းခံရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop က သူ့အနေနဲ့ ဒီလို အထူးသံတမန် အဖြစ် ခန့်အပ်ခံရတာကို အထူးပဲ ဂုဏ်ယူမိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာချက် ထုတ်ပါတယ်။
၆ လပြည့် အစ္စရေး- ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်ရပ်ဖို့ ကုလတောင်းဆို အစ္စရေး - ဟားမတ်စ် စစ်ပွဲဟာ ဧပြီလ ၇ ရက် စနေနေ့မှာ ၆ လပြည့်ပြီဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ ၂၁ ရာစုမှာ အသေအပျောက် အများဆုံး၊ ပျက်စီးမှုအများဆုံးနဲ့ မရပ်မနား တိုက်ခိုက်တဲ့စစ်ပွဲ တခုလို့ သတ်မှတ်ကြပါတယ်။
စစ်ဘေးသင့် မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဥ်က စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့လို အဖွဲ့အစည်းတွေကြောင့် ထိရောက်မှုမရှိနိုင်ဘူးလို့ အကူညီပေးရေး အဖွဲ့တွေက ပြောဆိုနေကြပါတယ်။ ထိုင်းနိုင်ငံတဆင့် ပို့တဲ့အဆိုကို ASEAN က သဘောတူထားတာပါ။
မြန်မာနိုင်ငံက အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေမှာ လူကုန်ကူးခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၆ ဦးကို ပြန်ခေါ်ယူနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာန စနေနေ့က သတင်းထုတ်ပြန်ပါတယ်။ ပြန်ရောက်လာတဲ့ လူကုန်ကူးခံရသူတွေထဲမှာ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဧပြီလ ၄ ရက်နေ့က ပြန်ရောက်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်