မြန်မာစစ်ကောင်စီရဲ့ စစ်ရုံးချုပ် (ကက-ကြည်း) တည်ရှိတဲ့ နေပြည်တော်နဲ့ အေလာ လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒီနေ့ ရက်စွဲနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦးသတင်းထုတ်ပြန်ချက်အဖြစ် ကြေညာထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားသုံးဦး၊ ပိုလန်နိုင်ငံသားတဦး၊ ဩစတြေးလျနိုင်ငံသားတဦးနဲ့ ကနေဒါနိုင်ငံသားနှစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို လူနာတင်ယာဉ်တွေနဲ့ အီဂျစ်နိုင်ငံဘက်ကို ရာဖာနယ်စပ်မြို့ကတဆင့် ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား အသေအပျောက်အရေအတွက်က မနှစ်ကထက် နှစ်ဆကျော်၊ သုံးဆနီးပါးတိုးလာပြီး ၁,၀၅၂ ဦးအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာသစ်က ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က စစ်ထဲဝင်ရမယ့် အသက်သတ်မှတ်ချက်ကို ၂၇ ကနေ ၂၅ နှစ် ပြင်ဆင်လျှော့ချလိုက်တဲ့ ဥပဒေတရပ်ကို လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။ အင်္ဂါနေ့က လက်မှတ်ထိုး အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ ယူကရိန်းစစ်တပ်အတွက် ရှေ့တန်းစစ်မျက်နှာမှာ တိုက်ခိုက်ဖို့ အရပ်သားတွေ တိုးလာမှာပါ။
“မိုးဗြဲဖက်မှာပေါ့ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ ဒီ ၄၂၂ ပေါ့နော် ကျနော်တို့ခေါ်တာ မိုးဗြဲ ရေကာတာမှာရှိနေတဲ့စစ်ကောင်စီတပ်ကိုကျနော်တို့ ကရင်နီတော်လှန်ရေးအင်အားစုကနေ ဝင်ရောက်တိုက်ခိုက်တာပေါ့နော်။ ဒါက ဒီမနက်ဖြစ်တဲ့ဟာပါ၊ လောလောဆယ် မိုးဗြဲမြို့ပေါ်မှာ တချို့နေရာတွေမှာ လူနည်းနည်းပါးပါး အနည်းအကျဉ်းရှိပါတယ်။”
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ကိုင်တွယ်ဆွေးနွေးနေတဲ့ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူသင့်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် World Central Kitchen အကူအညီပေးရေးအဖွဲ့မှ အလုပ်သမား ၇ ဦး သေဆုံးခဲ့တဲ့အတွက် စိတ်ထိခိုက်ရတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့နှောင်းပိုင်းက ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်က မိုးလုံးရွာကို စစ်ကောင်စီက အင်္ဂါနေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတပါး ပျံလွန်ပြီး လူ ၆ဦး သေဆုံးခဲ့သလို ၁၀ ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစု ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောဆိုမှုတွေအတွက် အရေးယူလေ့ရှိတဲ့ ပြင်းထန်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲမှာ ကတိပြုခဲ့တာကြောင့် Move Forward Party ကို ဖျက်သိမ်းဖို့ လျှောက်ထားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကြားနာစစ်ဆေးဖို့ ဒီကနေ့ပဲ လက်ခံလိုက်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို နေရပ်ပြန်ပို့ပြီး၊ မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို ပြန်ခေါ်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။
နယူးဇီလန်နိုင်ငံ Wellington မြို့မှာ လာမယ့် ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် မြန်မာအရေး လှုပ်ရှားသူတွေ နယူးဇီလန်အစိုးရကို ကန့်ကွက်နေကြပါတယ်။
ထိုင်ဝမ်ကျွန်းမှာ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး၊ ၈၀၀ ကျော် ဒဏ်ရာရခဲ့ပြီး၊ လူ ၅၀ လောက်လည်း ပျောက်ဆုံးနေပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ ပြင်းအား ၇.၂ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။
မဲဆောက်မြို့နယ် သောင်ရင်းမြစ်ကမ်းဘေးက ဘန်ထပွန် အမှတ် ၁ ကျေးရွာအုပ်စုမှာ (Ban Tha Pong, Village) မြန်မာဘက်က လူငယ်နှစ်ဦး သယ်ဆောင်လာတဲ့ ခရီးဆောင်အိတ်ကို နယ်ခြားစောင့် ကင်းလှည့် တပ်ဖွဲ့ ၃၄၆ က စစ်ဆေးရာကနေ ကျည်ဆံတွေနဲ့ လက်နက်တွေကို သိမ်းဆည်းနိုင်ခဲ့ကြောင်း မဲဆောက် ရဲဌာနက ပြောပါတယ်။
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး မြို့တွေမှာ အခုနှစ် သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်မှုတွေ စနေပါပြီ။
ဖိလစ်ပိုင်နိုင်ငံမှာ အန္တရာယ်ဖြစ်စေလောက်တဲ့အထိ အပူချိန် မြင့်တက်နေတာကြောင့် မြို့တော် မနီလာ အပါအဝင် နိုင်ငံတဝန်းက ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေကို ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ လူကိုယ်တိုင်တက်ရောက် သင်ကြားမယ့်အစီအစဉ်တွေ ဖျက်သိမ်းလိုက်ကြောင်း ပညာရေး အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်း အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ နှစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါလာသူ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ခိုးသွင်းမှုနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည် စခန်းက ဒုက္ခသည်၁၀၀ ကျော် လောက်ကို စစ်ကောင်စီကစမ်းမှုထမ်းခိုင်းပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေဆီ စေလွတ် တာတွေရှိ တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နဲ့ကပ်လျက် နှစ်နိုင်ငံနယ်စပ်အနီးမှာ နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု စတင်နေတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အယ်လ်နီညိုရာသီအကျိုးဆက်အရ ဧပြီလတွင်းမှာ အပူချိန်အမြင့်မားဆုံးခံစားရပြီးသောက်သုံးရေရှားပါးတာတွေနဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကြုံတွေ့ရနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကသတိပေး ပြောဆိုပါတယ်။
ဂါဇာဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၇ ဦးသေဆုံးခဲ့ကြောင်း World Central Kitchen (WCK) အကူအညီပေးရေးအဖွဲ့က ပြောဆိုလိုက်ပြီး လုပ်ငန်းတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်