အင်ဒိုနီးရှားနိုင်ငံမှာ အရင် အာဏာရှင်ခေတ် အထူးတပ်ဖွဲ့ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီရန်တို (Prabowo Subianto) ကို အရင်လကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ဒီရလဒ်အပေါ် အဓိကပြိုင်ဘက်နှစ်ဦးက ပြန်လည် စိစစ်ပေးဖို့ တရားရုံးမှာတောင်းဆိုဖို့ရှိနေပါတယ်။
ဂါဇာမှာ အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးရယူနိုင်ဖို့ နောက်ထပ် ကြိုးပမ်းချက်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဆော်ဒီအာရေဗျနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ရောက်ရှိလာပါတယ်။ ဘလင်ကန်ဟာ သောကြာနေ့မှာ အစ္စရေးတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ရုရှားအစိုးရကညွှန်ကြားတဲ့ မဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုတွေကို တရားဝင်သတင်းဝဘ်ဆိုဒ်တွေ အယောင်ဆောင် ဖန်တီးလုပ်ကိုင်နေတဲ့စွပ်စွဲချက်နဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ရုရှားအခြေစိုက် ကုမ္ပဏီတွေကို အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့် စစ်မြေပြင်မှာ ဆုံးရှုံးမှုတွေပိုကြုံတွေ့နေရလို့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေပြင်းထန်လာနေကြောင်း လွတ်လပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတဦးက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို ရိက္ခာအကူအညီသစ်တွေ ပေးပို့မယ်လို့ ဗြိတိန်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီနဲ့ အပစ်အခတ်ရပ်စဲရေးအသစ်ကို တိုးမြှင့်ဖို့အတွက် အမေရိကန်က တာဝန်ရှိသူတွေနဲ့ အစ္စရေးဘက်က အရာရှိတွေ ရှေ့လာမယ့် သီတင်းပတ်ထဲမှာ ဆွေးနွေးမှု မတိုင်ခင်မှာပဲ ဗြိတိန်က ခုလိုကြေညာလိုက်တာပါ။
အစ္စရေးကို ထောက်ပံ့မှုကြောင့် အိမ်ဖြူတော် Ramadan နဲ့ Eid ပွဲ မွတ်ဆလင်တွေ သပိတ်မှောက်မည်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နဲ့ သမိုင်းဝင်နေအိမ်ကို မတ်လ ၂၀ ရက်၊ ဒီကနေ့ မနက်က ကမာရွတ်ခရိုင် တရားရုံးရဲ့ အစီအစဉ်နဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲ ဝယ်ယူမယ့်သူ မရှိတာကြောင့် လေလံမအောင်ဘဲ ပြီးဆုံးသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး ပင်လယ်မှာ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ သစ်သားလှေတစ်စင်း တိမ်းမှောက်ခဲ့တဲ့အတွက် အင်ဒိုနီးရှားငါးဖမ်းသမားတွေက ကယ်တယ်ခဲ့တယ်လို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်း တာ၀န်ရှိသူတဦးက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာရှိတဲ့ အထည်ချုပ်စက်ရုံနှစ်ခုမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော်က အလုပ်သမားအခွင့်အရေးတချို့ကို ရဖို့ ဆန္ဒပြ တောင်းဆိုနေကြပြီး အလုပ်သမား ၂၀၀ လောက်ကို စက်ရုံပိုင်ရှင်တွေက နေရပ် ပြန်ပို့လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက မြို့နယ် တော်တော်များမှာ စစ်မှုထမ်းဥပဒေနဲ့ ကိုက်ညီတဲ့ လူငယ်တွေကို ဒီလဆန်းပိုင်းကစလို့ စစ်ကောင်စီက စာရင်းကောက်ယူတာတွေ၊ မဲနှိုက်ခိုင်းတာတွေ စတင် လုပ်ဆောင်နေတာကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် တော်တော်များများဟာ ပြည်ပနိုင်ငံတွေကို ရတဲ့နည်းလမ်းနဲ့ထွက်ခွာနေကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်သားစုဆောင်းမယ့် ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ၂ လကျော်ကြာ ငြိမ်နေပြီး၊ မြို့တွင်းမှာ စစ်ကောင်စီအဖွဲ့ရှိသလို၊ အပြင်ဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိနေပါတယ်။
""လေလံကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း တိတိိနဲ့ လေလံတင်ရောင်းချနေပါတယ်။ ဝယ်ယူမဲ့သူရှိပါသလား။" ကမာရွတ်ခရိုင်တရားရုံး လေလံအရာရှိ က မောင်းတီးကြေညာပြီး လေလံဈေးပေးမဲ့သူမရှိတာကြောင့် "လေလံတင်ရောင်းချတာ ဝယ်ယူမဲ့သူမရှိတာကြောင့် လေလံရောင်းချခြင်းမအောင်မြင်ကြောင်းကြေညာပါတယ်ရှင်"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကျယ်ပြန့်လာနေတာကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့အတူ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က တိုက်တွန်းလိုက်ပါတယ်။
ဂါဇာမှာအပစ်ရပ်ပြီး ဟာမတ်စ်တွေဖမ်းထားတဲ့ဓားစာခံတွေ ပိုလွှတ်ပေးရေးနဲ့ ပတ်သက်လို့ သဘောတူညီချက်အသစ်ကို အစ္စရေးနဲ့ ဟာမတ်စ်တို့ ရနိုင်ပါတယ်လို့ ကာတာ တာဝန်ရှိသူတွေက သတိကြီးကြီးထား အကောင်းမြင်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောပါတယ်။
"မဝင်မနေရ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကို ဘယ်လို အကောင်းဆုံး ကိုင်တွယ်ကြမလဲ" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန်နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတွေကို ယူကေက မေးခွန်းထုတ်လိုက်ပါတယ်။
ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ရာကရရှိလာတဲ့ဝင်ငွေ ခန့်မှန်း ယူရို ၃ ဘီလီယံကို ယူကရိန်း အတွက် လက်နက်အကူအညီပေးရာမှာသုံးဖို့ အဆိုပြုမယ်လို့ ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကိုတိုက်ခိုက်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေ ယူကရိန်းကိုပေးဖို့ အမေရိကန်က ဆုံးဖြတ်ထားဆဲဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ရမ်းစတိန်း လေတပ်စခန်းမှာ ဥရောပနဲ့ ကမ္ဘာ့ တခြားတိုင်းပြည်တွေက ကာကွယ်ရေးဝန်ကြီး ၅၀ ကျော်ရဲ့အစည်းအဝေးမှာ မစ္စတာ လွိုက် အော်စတင်က ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ "ချော့မော့ဆက်ဆံရေး နိုင်ငံတကာရွှေပြည်အေးတရား" က ကျဆုံးနေတာ ထင်ရှားလှပြီး ပေါင်းစပ်ညှိနှိုင်း ပစ်မှတ်ထား၊ ပိတ်ဆို့၊ အပြစ်ပေး၊ အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးသံတမန် Tom Andrews က အင်္ဂါနေ့မှာ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ အရှေ့ဘက် ပင်လယ်ကမ်းခြေရှိတဲ့ ရရောင်းခရိုင် စမ်နပ်ထောင်းမြို့နယ် လပ်ချိုင်းမောင်ရမ် စက်မှုဇုန်မှာရှိတဲ့ အလုပ်သမားတန်းလျား မှာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ လူသတ်မှုဖြစ်ပွားခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆော်ဒီအာရေဗီးယားနဲ့ အီဂျစ်နိုင်ငံတွေကို ဒီသီတင်းပတ် သွားရောက်ဖို့ရှိပြီး ဂါဇာ ကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲရေး ပေါ်လာအောင် တွန်းအားပေး ဆောင်ရွက်မယ်လို့ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်