NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအခြေနေနဲ့အတူ စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို တင်ပြပြီး စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနဲ့ ငွေကြေး၊ လူသေဆုံးမှုများတဲ့ လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင်အောင် လေယာဉ်ဆီတင်သွင်းမှုကိုပါ နိုင်ငံတကာက ပိတ်ပင် အရေးယူဖို့ တိုက်တွန်း ခဲ့တာပါ။
ယူကရိန်း- ရုရှား စစ်ဖြစ်နေတဲ့ ၂ နှစ်ကျော်ကာလ အတွင်း NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ ၂ ဖက်စလုံးနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ အတွက် ဒီ ၂ နိုင်ငံကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေ လုပ်လာအောင် တိုက်တွန်းမယ်လို့ မျှော်လင့်နေကြတာပါ။
ဒီသတင်းကို ပထမဆုံးတင်ပြတဲ့ နယူးယောက်တိုင်းမ်စ် သတင်းစာမှာတော့ သူ့ရဲ့ သတို့သမီးလောင်းဟာ ရုရှားနိုင်ငံက အသက် ၆၇ နှစ်အရွယ် အငြိမ်းစားသိပ္ပံပညာရှင် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူက မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင် ဖြစ်ပြီး အသက် ၉၂ နှစ်အရွယ် မားဒေါ့နဲ့ မနှစ်က နွေရာသီမှာ စပြီး တွဲခဲ့ကြတာပါ။
အမေရိကန်လွှတ်တော်မှာ သမ္မတ Joe Biden ကြာသပတေးညက ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ပြည်တွင်းရေးရာကိစ္စတွေကို အသားပေးပြောခဲ့သလို အရေးပါတဲ့ နိုင်ငံတကာကိစ္စတချို့ကိုလည်း ထည့်သွင်းပြောသွားခဲ့ပါတယ်။
အမေရိကန်နဲ့ ထိုင်း အပါအဝင် အာရှနိုင်ငံတွေ အများအပြား ပါဝင်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကြီး ဒီကနေ့ နောက်ဆုံးနေ့ အဖြစ် ကျည်အစစ်တွေ သုံးပြီး စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အတူ ကုလသမဂ္ဂက ဒီနှစ် ၂၀၂၄ ခုနှစ်မှာ “တိုးတက်မှုတွေ မြန်ဆန်ဖို့ အမျိုးသမီးများထံ ရင်းနှီးမြှပ်နှံကြစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ဂုဏ်ပြုထားပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ စီးပွားရေး၊ တရားရေးနဲ့ နိုင်ငံခြားရေးရာ ကိုင်တွယ်မှုတွေကို ထိုးနှက် ဝေဖန်ခဲ့သလို၊ သမ္မတ ဘိုင်ဒန်ဟာ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ကြောက်နေတဲ့သူ၊ ကိုယ် ဘာလုပ်ရမယ် ဆိုတာကို မဝေခွဲတတ်တဲ့၊ ပျော့ညံ့တဲ့ ခေါင်းဆောင် တယောက်လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ လူသားချင်းစာနာတဲ့အကူအညီ လိုအပ်နေသူတွေအတွက် နောက်ထပ်အကူအညီပေးသွားမယ်လို့ ဂျပန်အစိုးရက ဒီနေ့ ကြေညာပါတယ်။
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာ့အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အာရှနိုင်ငံတွေက အမျိုးသမီးတွေ အများအပြား စုဝေး ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် မတ်လ (၇) ရက်မှာ ကျင်းပတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေး၊ ကျန်းမာရေးအာမခံကိစ္စ၊ ၃ နှစ်အတွင်း အလုပ်အကိုင်သစ် ၁၅ သန်းဖန်တီးပေးနိုင်ခဲ့တဲ့အကြောင်းတွေကို ထည့်သွင်းပြောကြားသွားပါတယ်။
ရုရှားနိုင်ငံမြောက်ပိုင်း၊ Karelia ဒေသက အုပ်ချုပ်ရေးရုံး အဆောက်အဦကို ယူကရိန်းအတွက် ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ဆိုတဲ့ Belarus နိုင်ငံသားတဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တယ်ကြောင်း ရုရှားလုံခြုံရေးတပ်ဖွဲ့ FSB က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေတဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ သူတို့အဖွဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဟာမတ်စ်အဖွဲ့က ပြောကြားလိုက်ပြီး ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်အတွင်း ပြန်စမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကပြောကြားခဲ့ပါတယ်။
သင်္ဘောပေါ်ကသူတွေကို အသက်ကယ်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်တင်ပြီး INS Kolkata အိန္ဒိယရေတပ်ရဲ့ သင်္ဘောပေါ်ကို ခေါ်တင်နေတဲ့ ရုပ်သံဖိုင်ကိုလည်း အိန္ဒိယရေတပ်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံရဲ့အခြေအနေအကြောင်း လွှတ်တော်ကို ပြောကြားမယ့် သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ရှိနေချိန် သမ္မတအနေနဲ့ သူ့အစိုးရလက်ထက် အောင်မြင်မှုတွေကို လွှတ်တော် ၂ ရပ်ရှေ့မှာ မိန့်ခွန်းပြောကြားတဲ့အခါ အဓိကထား ပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော် လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီကနေ့မနက် အစောပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မတ် ၈ ရက်၊ ၂၀၂၄ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် “အမျိုးသမီးတွေအတွက် ရင်းနှီးမြှုပ်နှံပြီး အရှိန်မြှင့်လုပ်ဆောင်ရေး” ဆောင်ပုဒ်က အမျိုးသမီးအရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းတာဖြစ်ကြောင်း ကုလအမျိုးသမီး စီးပွားရေး စွမ်းဆောင်နိုင်မှုကဏ္ဍဆိုင်ရာအကြီးအကဲ Jemimah Njuki က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲက Kamjong ခရိုင်ထဲမှာ မြန်မာပြည်က ထွက်ပြေးလာတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေကို စီးပွားလုပ်ငန်းလုပ်ကိုင်တာ ဒါမှမဟုတ် အလုပ်သမားအဖြစ် အလုပ်လုပ်တာတွေကို တားမြစ် ကြောင်း ဒေသတရားသူကြီးက သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ အိန္ဒိယသတင်းတွေမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။
ဂါဇာမှာ ယာယီအပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်မှာဆွေးနွေးနေကြချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာတဝှမ်း မြေပြင်ကရော ဝေဟင်ကပါ စစ်ဆင် တိုက်ခိုက်နေသလို ဂါ ဇာကို လူသားချင်းစာနာမှုအကူအညီတွေ ပိုပြီးပေးပို့နိုင်ဖို့ လိုနေကြောင်း အစ္စရေးကိုသတိပေးဖို့စီစဉ်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲကာလ တလကျော်အတွင်း အရပ်သားသေဆုံးသူ ၅၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ ခန့်ရှိနေပြီး ထိခိုက်သေဆုံးသူတွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်