လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကို မြန်မာကိုယ်စားလှယ် တက်ရောက်နေပါတယ်။
တနင်္သာရီတိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရသူတွေ နှစ်ချီကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အပါအဝင် အခြေခံလိုအပ်ချက်တွေလည်း တိုးလာနေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
“ မနက်တုန်းကတော့ ပစ်တယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ မနေ့ကလည်း ပစ်တာပဲ။ မနေ့ကတော့ တော်တော်ကြမ်းတယ်။ ဆိုက်ခေါင်ကနေ ဆီဆိုင်ဘက်ကို အမြှောက် တောက်လျှောက် ထုတာပဲ။ နောက်ပြီး ဘန်းယဉ်၊ ဘန်းယဉ်အရှေ့ဘက် ထမ်ယမ်းမှာလည်း ပစ်သွားတယ်။ ၃ချက်လား၊ ၄ချက်လားမသိဘူး။ ရွာထဲကို ကျသွားတယ်။ "
အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ အစ္စရေးစစ်ကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး Benny Gantz တို့ သမ္မတအိမ်ဖြူတော်မှာ တနင်္လာနေ့ကတွေ့ဆုံခဲ့ပြီး အစ္စရေးနဲ့ ဟာမတ်စ်တို့ကြား ဂါဇာမှာ သီတင်း ၆ ပတ်ကြာအပစ်ရပ်ရေး အကောင်အထည်ဖော်ဖို့နဲ့ ဟာမတ်စ်တို့လက်ထဲကဓားစာခံတွေ လွှတ်ပေးရေးကိစ္စရပ်တွေကို တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Colorado ပြည်နယ်မှာ မတ်လ ၅ ရက်နေ့ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ပဏာမသမ္မတလောင်းရွေးချယ်ပွဲမှာ သမ္မတဟောင်း Donald Trump ရဲ့ နာမည်ကို ထည့်သွင်းခွင့်ရှိရမယ်လို့ အမေရိကန် ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဟောင်ကောင်သတင်းဌာနေတွေမှာ နိုင်ငံရေးအရအထိမခံတဲ့သတင်းတွေကို မရေးကြဖို့၊ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်တွေထွက်မလာမချင်း သတင်းတွေကိုဆိုင်းထားဖို့နဲ့ အစိုးရကသဘောမကျမဲ့ စကားလုံးအသုံးအနှုံးတွေကိုလည်း မသုံးကြဖို့ အယ်ဒီတာတွေက သတင်းထောက်တွေကို ပြောထားတယ်လို့ ဒေသန္တရသတင်းထောက်တွေက ပြောပါတယ်
ပြင်သစ်နိုင်ငံမှာ သန္ဓေသားဖျက်ချခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ တနင်္လာနေ့က ထည့်သွင်းလိုက်တဲ့အတွက် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် သန္ဓေသားဖျက်ချမှုဆန့်ကျင်သူတွေကတော့ အကြီးအကျယ်ဝေဖန်ကြပါတယ်။
ဝါရှင်တန်ဒီစီမြို့မှာ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်မှုကို မနေ့ တနင်္ဂနွေနေ့က ကျင်းပတာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်း ဖြစ်တဲ့ Nikki Haley အနိုင်ရပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခကို ဖြေရှင်းရာမှာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့နဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြုဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဩစတြေးလျနိုင်ငံကို မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ တောင်းဆိုကြပါတယ်။
အမေရိကန် ဒုသမ္မတ Harris ဟာ အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်တဲ့ Benny Gantz နဲ့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိကြောင်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်း မနေ့က ထွက်သွားပြီးတဲ့နောက် ခန္ဓာကိုယ်ကို ဖျက်ဆီးထားတဲ့ အလောင်း အနည်းဆုံး ၁၁ လောင်း တွေ့ရတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ၁၁ ဦးမြောက်ဖြစ်ပြီး၊ အာရှဒေသမှာ အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီး Mukesh Ambani မူးကေ့ရှ် အမ်ဘာနီရဲ့ သားထွေး အာနန့်ရဲ့ မင်္ဂလာပွဲကြို ဆင်နွှဲပွဲမှာ ပေါ့စတား ရီဟားနား အိန္ဒိယမှာ လာရောက်ဖျော်ဖြေသွားပါတယ်။
မံစီမြို့နယ် မဂျီဂုံရွာရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA က သိမ်းယူလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့သလို ဒေသတွင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
၁၈ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီနေ့ မတ်လ ၄ ရက်နေ့ တနင်္လာနေ့ အခု အသံလွှင့်ပြီး နာရီပိုင်းအကြာ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပမှာ ဖြစ်ပြီး သမ္မတကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ဆုတွေကိုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်၃ဖွဲ့နဲ့ စစ်ကောင်စီကြား တရုတ်အကူအညီနဲ့ ဆွေးနွေးမှုတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အရေး ပါဝင်မှုမရှိဘူးလို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ AA ဒုတိယစစ်ဦးစီးချုပ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်ဖို့ မွန်ပြည်သစ်ပါတီက ခွဲထွက်ခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အဖွဲ့က ဒေသခံ ပြည်သူ့စစ်တချို့ကို မကြာသေးခင်ကစ ဖမ်းဆီးတာ၊ လက်နက်သိမ်းတာတွေ လုပ်နေကြောင်း အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဂါဇာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကို တနင်္ဂနွေနေ့မှာ ရောက်ရှိနေကြပါတယ်။ ငါးလထဲရောက်လာပြီဖြစ်တဲ့ ဂါဇာဒေသထဲကစစ်ပွဲကို သီတင်းပတ်နဲ့ချီ အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးပွဲကို အစ္စရေးလ်ကိုယ်စားလှယ်တွေ တက်ရောက်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။
ရှမ်းမြောက်ဒေသ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တရုတ်နိုင်ငံတွင်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းအရတော့ အပစ်အခတ်ရပ်စဲရေးအသေးစိတ်တွေနဲ့ နှစ်ဘက်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 နဲ့အတူလိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေက ရှာဖွေမှုတွေထပ်လုပ်ပေးဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တဲ့ကြားမှာပဲ ပါကစ္စတန်လွှတ်တော်က Shehbaz Sharif ကိုဝန်ကြီးချုပ်သစ်အဖြစ် တနင်္ဂနွေနေ့မှာ မဲပေးရွေးချယ်လိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်