ဂရိနဲ့ အီတလီကြားက Ionian ပင်လယ်ပြင်ထဲမှာ ဥရောပကို လာရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအခြေချသူ ၈၀ လောက် သေဆုံးခဲ့ရတဲ့ ငါးဖမ်းလှေနစ်မြှုပ်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ ဂရိ ကယ်ဆယ်ရေးလုပ်သားတွေဟာ ဒီလှေနဲ့ လိုက်ပါလာသူတွေထဲက အသက်ရှင်ကျန်သူ ရှိမရှိ အပြင်းအထန် ရှာဖွေနေကြပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ ကျေးရွာ ၁၇ရွာက အိမ်ခြေ ၆၀၀ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အရပ်သားထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ ကန့်ဘလူခရိုင်တတ်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ ဇွန်လထဲ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်း စစ်ဆင်ရေး ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေလို လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကို တားဆီးရေး ဆုံးဖြတ်ချက်တရပ် မနေ့က ကုသလမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့လက တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်း ဒဏ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းအပေါ် ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ပြီး ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့နဲ့ အကူအညီရပိုင်ခွင့်တွေ အာမခံဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
မိုင်ယာမီမြို့လယ်က ဖက်ဒရယ်တရားရုံးမှာ Trump ကိုယ်တိုင် လာရောက်ဖို့ တရားရုံးက ဆင့်ခေါ် ထားတာကြောင့် သူ ရောက်လာတဲ့အချိန် ထောက်ခံသူတွေနဲ့ ကန့်ကွက် ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် အကြမ်းဖက်တာမျိုးတွေ မကြုံရအာင် တရားရုံးနေရာတဝိုက် လုံခြုံရေး အထူး ကြပ်မတ်ထားတဲ့ အကြောင်း မိုင်ယာမီ ရဲဌာနကပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ ကပ်ဘေးကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရတဲ့ ကလေးငယ် တစ်သန်းကျော် ရှိနေပြီး ကလေးအလုပ်သမား ပပျောက်ရေး အရေးတကြီး လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့က ပြောဆိုပါတယ်။
အခုအချိန်ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ဘေးကင်းလုံခြုံစွာ ပြန်ပို့နိုင်တဲ့ အခြေအနေ မဟုတ်သေးတဲ့အကြောင်းနဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ သူတို့ နေထိုင်နေရတဲ့ အခြေအနေကို ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်ဖို့လိုတဲ့အကြောင်း လက်ထောက်ဝန်ကြီး Julieta Valls Noyes က တွစ်တာမှာ ရေးသားထားပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း လပေါင်း ၂၀ အတွင်း အနည်းဆုံး အရပ်သား ၆၀၀၀ ကျော် အသတ်ခံခဲ့ရတဲ့အကြောင်း နော်ဝေနိုင်ငံ Oslo အခြေဆိုက် Peace Research Institute က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ခြမ်း ဆလီဂီရီမြို့မှာ ဈေးအရမ်းကြီးတဲ့ သရက်မျိုးတွေ စိုက်ပျိုးဖြစ်ထွန်းပြီး ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာကျင်းပခဲ့တဲ့ ဂီတန်ဂျလီသရက်သီးပွဲတော်မှာ ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ မူရင်းဇစ်မြစ်ပေါက်ဖွားတဲ့ မီယာဇာကီမြို့ကို အစွဲပြုပြီး မြို့နာမည်ပဲ မှည့်ခေါ်ပါတယ်။
အမျိုးသားလေး ၇ ဦးနဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာ ၂၀၁၀ ဖွဲ့စည်းချိန်ကစပြီး K-pop ကေပေါ့ဂီတ ကမ္ဘာမှာ အဆင့်အတန်းတခု ထပ်မြင့်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အနောက်တိုင်း အကောင်းဆုံးဂီတ စာရင်းတွေမှာလည်း ထိပ်ဆုံးရောက်ခဲ့သလို ဂရမ်မီဂီတဆုချီးမြှင့်ပွဲမှာလည်း တစ်ကြိုရွေးခံရတဲ့စာရင်းထဲ ပါခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်ဖြစ်လာဖို့ ရှေ့တန်းနေရာမှာရှိနေတဲ့ Pita Limjareonrat ကို ပြီးခဲ့တဲ့လက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိခဲ့ရဲ့လား ဆိုတာကို စုံစမ်းစစ်ဆေးမယ့်အကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်းမှာ ယူကရိန်းတပ်တွေက ရုရှားတပ်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန်မှာပဲ မြောက်ပိုင်းမှာရှိတဲ့ Kyiv မြို့တော်ကို ကနေဒါဝန်ကြီးချုပ် Justin Trudeau ဟာ ကြိုတင် ကြေညာမထားပဲ လာရောက်ခဲ့ပြီးယူကရိန်းသမ္မတ Volodymyr Zelensky နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်တပ်အကြီးအကဲ Fattah al-Burhan နဲ့ ပြိုင်ဘက်ဖြစ်တဲ့ သူ့လက်ထောက်ဟောင်း RSF တပ်ဖွဲ့ ခေါင်းဆောင် Mohamed Hamdan Da တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအတွက် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲ ရေးကို စနေနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှာ စတင်လိုက်ပါတယ်။
ယူကရိန်းကနှံစားသီးနှံတွေနဲ့ အခြားလယ်ယာထွက်ကုန်တွေ ပင်လယ်နက်ကနေတဆင့်ကမ္ဘာကိုတင်ပို့နိုင်ဖို့အစီအစဉ်မှာ ရုရှားကဆက်လက်ပူးပေါင်းပါဝင်ဖို့အတွက် ကုလသမဂ္ဂနဲ့ရုရှား သောကြာနေ့မှာ စတင်ဆွေးနွေးပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆိုင်ကလုံးမုန်တိုင်း မိုခါ ဒဏ်ခံရတာ တလပြည့်တော့မှာဖြစ်ပြီး ဒီမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်တွင်း လူသားစာနာမှုအကူညီပေးဖို့ မလုပ်နိုင်ပဲဖြစ်လာနေတာကို ကုလသမဂ္ဂက စိုးရိမ်ကြောင်း အတွင်းရေးမှုးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သီးသန့်တာဝန်ရှိသူသာ ဖတ်ခွင့်ရှိတဲ့ လျှို့ဝှက်အချက်အလက်ပါ စာရွက်စာတမ်းတွေကို သမ္မတတာဝန်ပြီးဆုံးချိန်မှာ ကိုင်တွယ်လုပ်သင့်တဲ့အတိုင်း မလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ကြီးလေးတဲ့ ပြစ်မှု ၃၇ ခုနဲ့ စွဲချက် အတင်ခံနေရပါတယ်။ ဒီအထဲမှာ နျူကလီယားနဲ့ ကာကွယ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေပါပါတယ်။
တိုင်းရင်းသတင်းလွှာ- လက်နက်ကြီးကျည်ကြောင့် ရှမ်းကယားနယ်စပ်မှာ သေဆုံးမှုရှိ၊ ကိုးကန့်ဒေသကို စစ်ကောင်စီတပ် ၀င်တိုက်၊ ကရင် ချင်းဘက်က တိုက်ပွဲသတင်း၊ မိုခါမုန်တိုင်းအလွန် ရခိုင်နဲ့ ကချင်က ပညာရေးအခြေအနေသတင်းများ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ဟာ ကြာသပတေးနေ့က သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေ ရခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်နဲ့ချီ သောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ နေရပ်ပြန်ပို့ဖို့ ကြာသပတေးနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်